SAC News

0 0
Read Time:3 Minute, 48 Second

လစာကို ဘဏ်စနစ်ဖြင့် လွှဲမှသာ သက်တမ်းတိုးပေးမည်ဟု အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၃၀ ရက်

 

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို ဘဏ် စနစ်ဖြင့်လွှဲပို့မှသာ ဆက်လက်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ဇူလိုင်လ ၃၀ ရက် နေ့စွဲဖြင့် စာထုတ်ပြန်သည်။

 

ဩဂုတ်လ ၁ ရက်နေ့မှစ၍ မြဝတီမြို့နှင့်ကော့သောင်းမြို့များရှိ MoU U-turn စခန်းများ၌ U-turn လုပ်ငန်း စဉ်ဖြင့် အလုပ်သမားပြန်လည်စေလွှတ်ရာတွင် အခြေခံ လစာ ၃ လစာ (ခန့်မှန်းဘတ် ၂၄၀၀၀) ၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၆၀၀၀) ကို မိသားစုဝင်များထံသို့ လည်း ကောင်း၊ မြန်မာနိုင်ငံရှိ အလုပ် သမားများ၏ ဘဏ်စာရင်းသို့လည်းကောင်း တရားဝင် လွှဲပြောင်းပေး ပို့ထားကြောင်း အ ထောက်အထားပြသနိုင်မှသာ စေလွှတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက စာထုတ်ထားသည်။

 

မိသားစုဝင်များထံသို့ ငွေလွှဲပေးပို့ရန်မရှိသည့် အလုပ်သမားများသည် ယခင်ကမြန်မာနိုင်ငံတွင် ဘဏ် စာရင်း ဖွင့်လှစ်ထားခြင်းမရှိ၍ မြဝတီမြို့နှင့် ကော့သောင်းမြို့များသို့ ရောက်ရှိချိန် မှသာဘဏ်စာရင်း ဖွင့်လှစ်၍ အဆိုပါဘဏ်စာရင်းသို့ မိသားစုလွှဲပို့ငွေအဖြစ် ထည့်သွင်းမည် ဆိုပါက U-turn လုပ်ငန်းစဉ် သည် နေ့ချင်းပြီး စေလွှတ်ရသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ထိုင်းဘက်သို့ မြန်မာစံတော်ချိန် ၁၂:၃၀ နာရီ မတိုင်မီ စေလွှတ်ရသည့်အတွက် မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများ ဖြစ်ပွားနိုင်ပါသဖြင့် မိသားစု လွှဲပို့ငွေ တရားဝင်လွှဲပြောင်းပေးပို့ထားကြောင်း အထောက်အထားများကို U-turn စခန်းများ သို့ လုပ်ငန်းစဉ် လာရောက်မဆောင်ရွက်မီ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်ဟု ဆိုသည်။

Photo – MHAC (ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ)

 

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံသို့ MoU U-turn လုပ်ငန်းစဉ်ဖြင့် အလုပ်သမားများ ပြန်လည် စေလွှတ်ခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ အချက်များကို  ပြည်ပအလုပ်အကိုင် အကျိုးဆောင် (ထိုင်း) လိုင်စင်ရအေဂျင်စီ များမှ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ ကြီးကြပ်ဆာင်ရွက်သွားရန် အကြောင်းကြားပါကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အလုပ် သမားဝန်ကြီးဌာနက စာထုတ်ထားသည်။

 

“ထိုင်းနိုင်ငံ G to G စနစ်နဲ့ပို့နေတဲ့ MoU အလုပ်သမားတွေကို ဒုက္ခပေးတာပေါ့၊ ဒါက ထိုင်းက အ လုပ်သမားတွေအားလုံးကို ဒုက္ခပေးတဲ့စာပဲ။ အတင်းအဓမ္မမဖြစ်မနေကို ပိုက်ဆံသွင်းမှသာလျှင် အလုပ်လုပ်ခွင့်တွေ၊ စာရွက်စာတမ်းတွေ၊ ထွက်ခွာခွင့်တွေ အဆင်ပြေမယ့်အနေအထားမျိုးဖြစ်သွား တာပေါ့။ သက်သက်ညစ်တာပါ” ဟု ထိုင်နိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်နေသူ AAC ကိုရဲမင်းက သုံးသပ်ပြောကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *