SAC News

0 0
Read Time:3 Minute, 56 Second

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က နိုင်ငံ့အခြေအနေများကို ယာယီသမ္မတဖြစ်သူ မင်းအောင်လှိုင်ထံ တင်ပြပြီး နိုင်ငံတော်အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုး

 

D Day News

ဇူလိုင်လ ၃၁

 

အကြမ်းဖက်စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က နိုင်ငံတွင်း ဖြစ်ပျက်နေမှု အခြေအနေများကို ယာယီသမ္မတ ဖြစ်သူ မင်းအောင်လှိုင်ထံ တင်ပြပြီး နိုင်ငံတော် အရေးပေါ်ကာလ ၆ လ သက်တမ်းထပ်တိုးကြောင်း ကြေညာလိုက်သည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ယာယီသမ္မတ ဖြစ် သူ မင်းအောင်လှိုင် ကိုတင်ပြရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံ့တာဝန် များ အား စတင်ထမ်းဆောင် ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာ၌ လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးကို အန္တိမရည်မှန်းချက်အဖြစ် ချမှတ်ထားမှုအခြေအနေများ၊ ရွေးကောက်ပွဲအား အရေးပေါ်ကာလ ကြေညာပြီး (၂) နှစ်ပြည့် မြောက်သည့်အချိန်တွင်ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှု များ ကြောင့် ဆောင်ရွက်နိုင်ခဲ့မှုမရှိသည့် အခြေအနေများ၊ နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှု ရှိအောင်ဆောင်ရွက်နေမှုအခြေအနေများကို တင်ပြခဲ့ကြောင်း သိရသည်။

ထို့အပြင် ဝိသမလောဘစီးပွားရေးသမားများ၏ နိုင်ငံတော်စီးပွားရေး ကျဆင်းအောင် ဆောင်ရွက်ခဲ့ မှုအပေါ် နိုင်ငံ့စီးပွားရေး တိုးတက်မှုရှိအောင် ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍ အတွက် လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ပညာရေးကဏ္ဍမြှင့်တင်ပေး နေမှုအခြေအနေများ၊ ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုမြင့်မား လာစေရေး ထောက်ပံ့ဖြည့်ဆည်းပေးနေမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင်ဆောင် ရွက်ပေးနေမှုအခြေအနေများကို ဆက်လက်တင်ပြခဲ့ကြောင်း သိရသည်။

 

အလားတူ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက် ယူခြင်းဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ဦးစွာတင်ပြခဲ့သည်ဟု ဆိုသည်။

 

ထို့နောက် NUG၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက် လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန်လိုအပ်နေမှု အခြေအနေများ၊ ရွေးကောက်ပွဲ ကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများ ရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရန် မဖြစ် မနေလိုအပ်နေသည့် အခြေအနေများကြောင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆက်လက် အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ တာဝန်ထမ်း ဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်း တိုးမြှင့်ပေးနိုင်ရန် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ တင်ပြကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *