Maddayar News

1 0
Read Time:1 Minute, 34 Second

မတ္တရာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စခန်း ၃၅ ခုကို သိမ်းပိုက်ထားပြီး လက်ကျန်စခန်းများ ကို ထိုးစစ်ဆင်တိုက်ခိုက်

 

D Day News

ဇူလိုင်လ ၃၁

 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၃၅ ကို သိမ်းပိုက်ရရှိထား ပြီး လက်ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြာင်း မန္တလေး PDF က သတင်းထုတ်ပြန်ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အဖြေင့် မတ္တရာမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယခုအခါ မတ္တရာမြို့ နယ်အတွင်း ရှိ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြိုကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်း နှင့် ဘိုကုန်း ရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ထိုကြောင့် မတ္တရာမြို့နယ်အတွင်း သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း အရေအတွက်မှာ (၃၅) ခု ရှိခဲ့ပြီဖြစ်ပြီး လက်ကျန်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ကျောက်တံ တားကျေးရွာနှင့် မြကန်သာ ကျေးရွာတို့ တွင်  တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *