လားရှိုးသို့ စစ်ကူးပေးရန် တက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံး၊ စစ်ကြောင်းပျက်စီးသွားကာ ပြန်ဆုတ်ပြေး
D Day News
ဇူလိုင်လ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကူးပေးရန် တက်လာသည့် အကြမ်းဖက်စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စသ်ား ၅၀ ကျော်သေဆုံးပြီး စစ်ကြောင်းပျက်စီးကာ အများအပြား ဒဏ်ရာ ရရှိပြီး ပြန်ဆုတ်ပြေးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ဇူလိုင်လ ၃၀ ရက် နံနက် အစောပိုင်းတွင် လားရှိုးမြို့ကို စစ်ကူပေးရန် ချီတက်လာသော တွဲကား၊ စစ် ကား ပါအစီးရေ ၁၅ စီးခန့်ပါသည့် စစ်ကြောင်းကို လားရှိုးမြို့နယ်၊ မန်ပန်နှင့်ဟိုနားရွာကြားအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တွဲကား၊ ဖောကား ၈ စီး မီးလောင်ပျက်စီးသွားပြီး ကားပေါ်ပါအ အကြမ်း ဖက် စစ်သားအများအပြား မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဇူလိုင်လ ၂၉ ရက်နေ့တွင် တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင် လိုင်တို့ဘက်မှ လားရှိုးဘက်သို့ တက်လာခြင်းဖြစ်ကာ MNDAA နှင့် BPLA တို့ ပူးပေါင်းကာ တိုက်ခိုက် ခံရမှုကြောင့် စစ်များလိုက်ပါ စီးနင်း လာသည့် ကားများမီးလောင်ကာ စစ်ကြောင်းတစ်ခုလုံး ကစဉ့် ကလျား ဖြစ်သွားကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
D Day News