Lasho News

0 0
Read Time:2 Minute, 0 Second

လားရှိုးမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး နေအိမ် ၁၅ လုံးပျက်စီး

 

D Day News

ဇူလိုင်လ ၃၁

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး နေအိမ် ၁၅ လုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၃၁ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် လားရှိုးမြို့တွင်းသို့ ပစ်ခတ်တိုက်ခတ်တိုက်ခိုက်ခဲ့ရာ လားရှိးမြို့၊ ရပ်ကွက် ၉ အတွင်းရှိ ကုန်စုံဆိုင် တစ်ဆိုင် မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်နေ့တွင်လည်း လားရှိးမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လားရှိုးမြို့နေ ပြည်သူအမျိုးသား ၂ ဦးနှင့် အမျိုး သမီး ၃ ဦး ထိမှန်သေဆုံးသွားခဲ့ကာ ဆိုင်ခန်းနှင့် နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲကာလ ၃၆ ရက်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားများ တည်ရှိရာ နေရာကို ဦးတည်ပြီး လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား စုစု ပေါင်း ၁၃၃ သေဆုံးပြီး ၁၇၀ ဦးထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *