CDM News

0 0
Read Time:4 Minute, 26 Second

ပခုက္ကူ၊ ရေစကြို၊ တောင်သာနှင့်လွိုင်ကော်တို့တွင် စစ်သား၊ ပျူစောထီး ၅ ဦး လက်နက်ခဲယမ်းများ နှင့်အတူ အလင်းဝင်

 

D Day News

ဇူလိုင်လ ၃၁

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ပျူတစ်ဦး သည် လက်နက်ခဲယမ်းများယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း Southern YSO PDF ထံမှ သိရသည်။

 

ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ် ၊စက်မှုဇုန်ရှိ စစ်ဆေးဂိတ်တွင် တာဝန်ကျ ထမ်းဆောင်နေသော အသက် ၂၄ နှစ်အရွယ် ပျူ ကိုရဲနီ သည် Southern YSO PDFအဖွဲ့ထံသို့ ဆက် သွယ်ကာ MA3 သေနတ် ၁ လတ် ၊ ကျည်ဘောက် ၁ ခု၊ ကျည် အတောင့် ၂၀ နှင့် အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့အလင်းဝင်ရောက်လာသော ပျူကိုရဲနီကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ကာ လွတ်မြောက် ရာဒေသသို့ ပိုဆောင်ထားပြီးဖြစ်ကြောင်း၊ အကြမ်းဖက်အုပ်စု အတွက် အသက်ပေး ၊ ဘဝပေး လက် နက်ကိုင်နေကြသော ရဲဘော်များအနေဖြင့် အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင်ဆီ ခိုလုံကြရန် အလင်းဝင် ခိုလှုံလာကြသူများကို နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

 

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးသည် MA3 အမျိုး အစား သေနတ် ၁ လက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း Southern YSO PDF က ထုတ်ပြန် ထားသည်။

 

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရဲတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းများယူဆောင် ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Royal Eagle PDF ထံမှ သိရသည်။

 

ဇူလိုင်လ ၃၀ ရက်နေ့က ရဲတပ်ရင်း ၁၉ တွင် တာဝန်ကျပြီး ရေစကြိုမြို့နယ်တွင် တာဝန်ထမ်း ဆောင် နေသော ရဲတပ်ကြပ် အောင်မြတ်သူသည် M 16 အမျိုးအစား သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၂၀၀ နှင့်အတူ အလင်းဝင်ရောက်လာခဲ့သဖြင့် ကောင်းမွန်စွာလက်ခံကြိုဆိုကာ ဂုဏ်ပြု ဆုငွေကျပ် သိန်း ၃၀ ချီးမြှ့င်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထို့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ လှုပ်ရှားရဲတပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော ရဲ တပ်သားတစ်ဦးသည် လက်နက်ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း တောင်သာ PDF ထံမှ သိရသည်။

 

ဇူလိုင်လ ၂၈ ရက်နေ့က တောင်သာမြို့နယ်၊ လှုပ်ရှားရဲတပ်ရင်းမှ ရဲတပ်သား ၁ ဦး သည် အကြမ်း ဖက် စစ်ကောင်စီထံ၌ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ အလင်းဝင် ရေက်လိုကြောင်း ဆက်သွယ်လာသဖြင့် သွားရောက်ခေါ်ထုတ်ခဲ့ရာ G3 အမျိုးအစား သေနတ်တစ်နှင့်အတူ ခေါ်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ခဲယမ်းအချို့ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း လွိုင်ကော် LPDF တပ်ဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့နယ်အတွင်း တာဝန်ကျနေသော မိုင်းနောင် အခြေစိုက် ခလရ ၉ မှ တပ်သား တစ်ဦး သည် အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ ခဲယမ်းများယူဆောင် ထွက်ပြေးလာကာလွိုင်ကော်မြို့နယ် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF)ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ အလင်း ဝင်ရောက်ခဲ့သူကို လုံခြုံဘေးကင်းသည့် နေရာသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း၌ သတင်းအမှောင်ချထားပြီး နောက်တန်းရှိမိသားစုဝင်များကို လည်း ခြိမ်းခြောက်ခံနေရကာ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းဆက်လက်လုပ်ကိုင်လိုချင် မရှိ တော့ပဲ ထွက်ပြေးချင်သူ အများအပြားရှိကြောင်း စစ်ကြောင်းမှ ထွက်ပြေးလာသူ စစ်သားက ဝန်ခံ ထွက်ဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *