TNLA News

0 0
Read Time:1 Minute, 57 Second

မိုးမိတ်နှင့်ကျောက်မဲတို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ကောင်စီတပ် Y 12 လေယာဉ်ဖြင့် ဗုံးကြဲကာ လက်နက်ခဲယမ်းများ ထောက်ပို့ပေး

 

D Day News

ဇူလိုင်လ ၃၀

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နှင့်ကျောက်မဲမြို့တို့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်က Y 12 လေယာဉ်ဖြင့် ဗုံးကြဲကာ လက်နက်ခဲယမ်းများ ထောက်ပို့ပေးခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်သည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၃၆) ရက်မြောက်နေ့တွင် တအာင်းပြည် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့ရှိ မိုးမိတ်ဗျူဟာကုန်းအား ယနေ့ နံနက် ၆ နာရီ မိနစ် ၃၀ နာရီ အချိန် တွင် တအာင်းတပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ခလရ (၃၄၈) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးမိတ်မြို့နယ် ဒိုးပင်ရွာတွင်လည်း တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် စကခ (၂၁) ၊ ခလရ (၂၇၆) တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ထိုအပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော မိုးမိတ်ဗျူဟာကုန်းကို အကြမ်းဖက် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးသီး (၁၄)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့လည်း စစ် ကောင်စီတပ်မှ Y12 ဖြင့် လက်နက်ခဲယမ်းများ လာရောက်ပိုချပေးခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *