Singu News

0 0
Read Time:2 Minute, 33 Second

ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော ရွာသာရွာ ပျူစခန်းကို သိမ်းပိုက်မှု စစ်သား၊ ပျူ ၅၀ ကျော်သေဆုံးပြီး ၅၀ ကျော်အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၃၀

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု အကြမ်းဖက်စစ်သား ၊ ပျူ ၅၀ ကျော်သေဆုံးပြီး ၅၀ ကျော်အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရရှိခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရ သည်။

 

ဇူလှိုင်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီး စစ်ကောင် စီတပ်စခန်းကို စတင်၍တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီအချိန်ခန့်တွင် အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူ ၅၀ ကျော်သေဆုံးကာ ၅၀ ကျော် အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိခဲ့သော ရွာသာယာစစ်ကောင်စီတပ်စခန်းသည် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ကမ်းနား ဘေးရှိ ကျေးရွာများကို မီးရှို့ခြင်း၊ ပစ္စည်းများကို ခိုးယူခြင်း၊ပြည်သူလူထုအား သတ်ဖြတ်ခြင်းတို့ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့် စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊‌ရွှေဘိုခရိုင် အမှတ် (၁) ၊ တပ်ရင်း (၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် ၅၁၂ တပ်ရင်း၊ မန္တလေး ခရိုင် တပ်ရင်း (၆) ၊ ဝက်လက်မြို့နယ် ပကဖ နှင့် စဉ့်ကူးမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

 

ရွာသာယာပျူစောထီးစခန်းသိမ်းပိုက်မှုမှ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများကို လိုအပ်သည့် ဆေးဝါး ကုသမှုများပေးထားပြီး လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်‌ ရှောက်ပေးထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *