Read Time:1 Minute, 18 Second
ကဗျာကဏ္ဍ “အောင်နိမိတ်”
ပျိုးကြဲလက်
အင်းစိန်ဗဟို အကျဉ်းထောင်မှာလ
မင်းအောင်လှိုင် မွေးနေ့ရက်မှာဖြင့်
ငြင်းမရှောင်နိုင် ကျွေးပေ့မရှက်ပါဘု
ကြက်သားနှင့် ပဲဟင်းသိုး
စေတနာဆိုးနှင့် လှူသကို ။
အကျဉ်းသူ အကျဉ်းသား
စားမိသမျှ ဝမ်းတွေလားပါပေါ့
အားရှိသမျှ နွမ်းခွေသွားပြီမို့
ဆေးဝါးဆို ဝေလာဝေး
မျက်နှာလေးညို ။
အတိတ်တဘောင်ရယ်က
နိမိတ်ဆောင်တာ အလွန်ဆန်းပါဘိ
ပြည်အဝန်းမှာ စန်းတွေတက်တာက
စည်အရွမ်းမှာ နန်းဗွေလက်တာဖြင့်
ဝမ်းပျက်ဝမ်းလျှော အဟောထွက်ပုံက
အကြမ်းဖက်တို့ ဥသျှောင်ပြို
နံပါတ်ဝမ်းဆို ပျက်မယ့်သဘော ။
နံပါတ်ဝမ်းဆို လျှောမယ့်သဘော ။
အကျဉ်းသူနှင့် အကျဉ်းသား
မကုဘဲထားတဲ့ ဆောင်နိမိတ်ရယ်က
အမှုခွဲခြားမယ့် အောင်အတိတ်ပါကွယ့်
ဝမ်းကိုကြိတ်မကွဲ့ ငယ်သားအထွေထွေက
အသေခံကာ အကာအကွယ်မပေးတော့ပါဘု
ပြည်အေးစရာ အောင်အတိတ်နဲ့
နိမိတ်ကဟော ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် ညနေ ၅ နာရီ ၂ မိနစ်
D Day News