Phyu News

0 0
Read Time:2 Minute, 3 Second

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းမှ ရဲများကို ဒရုန်းဖြင့် ဗုံးကျဲ၊ မိုင်းခွဲ တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၃၀

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို ဒရဒန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းကို ဖြူးမြို့နယ် ပကဖ Drone အဖွဲ့မှ Drone ဖြင့် ဗုံးသီး ၂ ကြိမ် ကျဲချတိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲ ၁ ဦးသေဆုံးပြီး ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသည့် ရဲ ၂ ဦးကို ညောင် ပင်သာဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

“နှစ်ကြိမ်ချခဲ့တာ၊ ပထမ ၁ လုံးကကွဲတယ်၊ နောက် ၁ လုံးက မကွဲဘူး။ ဒဏ်ရာရတဲ့ ရခ ၂ ဦးကတော့ ညောင်ပင်သာဆေးရုံမှာ တင်ထားတယ်။ ရဲစခန်းမှာတော့ အင်အားက ၂၀ လောက်ရှိတာ။ ဒီနေ့ ဗုံးကျဲတာတော့ ပြန်မပစ်ဘူး။ မနေ့က အပြင်ထွက်လာလို့ မိုင်းခွဲလိုက်တာတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်” ဟု ဖြူးမြို့နယ်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယမန့်နေ့ ဇူလိုင်လ ၂၉ ရက် ညနေ ၃ နာရီခန့်က ညောင်ပင်သာရဲစခန်းမှ ရဲများသည် ဆိုင်ကယ်များ ဖြင့် ညောင်ပင်သာကျေးရွာအတွင်း ဝ်ငရောက်ပြီး ပြည်သူ့ဆိုင်ကယ်များ၊ ပြည်သူများကို ဖမ်းဆီး ငွေညှစ်ကာ ညောင်ပင်သာမြို့ အရှေ့ဘက်သို့ ထွက်လာစဉ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက် ခိုက်မှုအတွင်း ရဲများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *