ပခုက္ကူမြို့နယ်၊ ရေလာလေးပျူစောထီးနာရေးနှင့် မြိုင်မြို့နယ်၊ ဝက်ပုတ်ပျူစောထီးစခန်းတို့ကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်
D Day News
ဇူလိုင်လ ၃၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေးရွာ ပျူစောထီးနာရေးနှင့် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစော ထီးစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ -မြိုင် ထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၉ ရက် နေ့က မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီးစခန်း ဘန်ကာအတွင်းသို့ အီနာဂါ ဗုံးသီး ၄ လုံးဖြင့်လည်းကောင်း၊ ဇူလိုင်လ ၂၈ ရက် နေ့က ပခုက္ကူမြို့နယ်၊ ရေလာလေးရွာရှိ ပျူစောထီးနာရေးကို အီနာဂါဗုံးသီး ၇ လုံးဖြင့် လည်းကောင်း ဒရုန်းဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ပျူသေတာက သူတို့အချင်းချင်း စကားများပြီး ပစ်ခတ်မှုဖြစ်လို့ သေတာ၊ အိနိုင်ဆိုတဲ့သူ ပွဲချင်းပြီး သေတာလို့ သိရတယ်၊ အဲဒီနာရေးကို ဗုံးကျဲချခဲ့တာ၊ ကျနော်တို့ ချတာက ကင်းထောက်လို့ မရဘူး။ ထိခိုက်မှုက တော့ ရှိနိုင်တယ်” ဟု ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့-မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ ၊ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ -မြိုင် ၊ စွယ်စုံနှင့် နယ်မြေဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News