NUG News

0 0
Read Time:6 Minute, 33 Second

“ငါတို့နိုင်မှ သူတို့လွတ်မြောက်မှာ” ဟု ယုံကြည်မှုဖြင့် ကြိုးစားခဲ့မှုသည် အရာထင်ခဲ့ပြီဖြစ်ပြီး နိုင်ငံ တကာ အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍကို အလေးပေးဆွေးနွေးလာကြောင်း NUG ပြည်ထောင်စုဝန်ကြီး ချုပ်မန်းဝင်းခိုင်သန်းပြော

 

D Day News

ဇူလိုင်လ ၃၀

 

“ငါတို့နိုင်မှ သူတို့ လွတ်မြောက်မှာ”ဟု ယုံယုံကြည်ကြည်ဖြင့် ကြိုးစားခဲ့မှုသည် အရာထင်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာအနေဖြင့် အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍကို အလေးပေးဆွေးနွေးလာကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

 

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ကျင်ပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်း အဝေး အမှတ်စဉ် (၂၁/၂၀၂၄) တွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရက်တွေထဲမှာ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့ကြီးတွေရဲ့ စစ်ရေးလှုပ် ရှားမှုတွေနဲ့ အ တူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေဟာ ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံး ဆင် နွှဲနေကြတဲ့ နွေဦးတော်လှန်ရေးအတွက် အင်မတန် စိတ်အားတက်ကြွ စရာအခြေအနေတွေပဲ ဖြစ်ပါ တယ်။ မြို့တွေကို သိမ်းပိုက်နိုင်ပြီး အကျဥ်းထောင်တွေက ကျွန်‌တော်တို့ရဲ့သူရဲကောင်း နိုင်ငံရေး အကျဥ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းမျိုးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ရမယ့် အခြေအနေမျိုးပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ တော် လှန်ရေးအင်အားစုတွေရဲ့ “ငါတို့နိုင်မှ သူတို့လွတ်မြောက်မှာ” လို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့မှု တွေဟာ ဒီကနေ့ အရာထင်ခဲ့ပြီ ဖြစ်ပါတယ်။”ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြော ကြားသည်။

 

ခုခံတော်လှန်စစ် စတင်ခဲ့စဉ်က ဖြစ်နိုင်ပါ့မလားဟု ထင်ခဲ့ကြသည့် နိုင်ငံတကာကလည်း ယခုအခါ တိုင်းပြည်အုပ်ချုပ်ရေးယန္တရား မယိမ်းမယိုင်သွားအောင် ဆက်လက်စီမံဆောင်ရွက်မည့် အခြေအနေ ကို ပိုမိုစိတ်ဝင်စားလာကြပြီဖြစ်ကြောင်း၊ ယခုနှစ်အတွင်း အုပ်ချုပ်ရေးဆိုင်ရ အကောင်အထည်ဖော်မှု ကဏ္ဍကို အလေးပေးဆွေးနွေးလာကြကြောင်း သိရသည်.

 

“ကျွန်တော်တို့ခုခံတော်လှန်စစ် စတင်ခဲ့စဥ်တုန်းက ဖြစ် နိုင်ပါ့မလားထင်ခဲ့ကြတဲ့ နိုင်ငံတကာက လည်း ခုဆိုရင် နိုင်ပြီးတဲ့နောက် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးယန္တရား မယိမ်းယိုင် သွားအောင် ဆက် လက် စီမံဆောင်ရွက်ရမယ့် အခြေအနေတွေကို ပိုမိုစိတ်ဝင်စားလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာဆိုရင် အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်မှု ကဏ္ဍတွေဘက်ကို အလေးပေး ဆွေးနွေးလာကြတာကို တွေ့ရပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြား သည်။

 

စစ်ဆင်ရေးလှိုင်းသည် မန္တလေးအထိ ဆင်းလာပြီဖြစ်ပြီး စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးအတွက် ပါ စဉ်းစားပြင်ဆင်စရာများ ပိုမိုများပြားလာသည့် ကာလဖြစ်ပြီး စစ်ဆင်ရေးအခြေအနေကို မျက်ခြေ မပြတ်စောင့်ကြည့်ကာ ဝန်ကြီးဌာနများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ၎င်းက အသိပေးထားသည်။

 

“စစ်ရေးအခြေအနေတွေနဲ့ အုပ်ချုပ်ရေးထူထောင်မှုကဏ္ဍတွေမှာ အားစိုက်စီမံဆောင်ရွက်ရင်း တစ် ဘက်က နိုင်ငံရေးအခြေအနေအလှုပ်အခတ်တွေကိုလည်း သတိထားပြီး စောင့်ကြည့်ကြရမယ့်အချိန် ဖြစ်ပါတယ်။ ဒီတော်လှန်‌ရေးမှာ စစ်ရေးအားသာ ဖို့လိုအပ်သလို အုပ်ချုပ်ရေးယန္တရားခိုင်ခံ့နိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအပြင် အင်မတန် အရေးကြီးတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အရွေ့တွေကိုလည်း မျက်ခြေပြတ်လို့ မဖြစ်သလို ကိုယ့်ရန်သူရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်မှုဟာလည်း ကျွန်တော်တို့ရဲ့ အောင်ပွဲပြင်ဆင်မှု အတွက် မရှိမဖြစ် အရေးပါတဲ့အရာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုသည်။

 

တော်လှန်ရေးအစိုးရနှင့် တိုင်းပြည်ကို ဦးဆောင်နေရသဖြင့် တပြိုင်နက်တည်း လုပ်ဆောင်ကြရမည့် ကိစ္စအင်မတန်များပြားကြောင်း၊ နေ့စဉ်နှင့်အမျှ အရှုံးနှင့်ရင်ဆိုင်နေရပြီး ပြိုလဲနေသည့် စစ်အုပ်စုကို အပြီးတိုင်ဖြိုလှဲပစ်ချနိုင်ရန် အချိန်ကိုက်စီမံစရာများ အလွန်များပြားကြောင်း ပြည်ထောင်စုဝန်ကြီး ချုပ်က အသိပေးထားသည်။

 

“သမိုင်းကြောင်းရှည်လျားပြီး အာဏာရှင် အဆက်ဆက်ရဲ့ အမျိုးမျိုးသော သွေးခွဲအုပ်ချုပ်မှုတွေကို ကြုံတွေ့လာရတဲ့နိုင်ငံ ဖြစ်တာကြောင့် ဖြေရှင်းစရာကိစ္စ တွေကလည်း အင်မတန်များတာ အမှန်ပဲ ဖြစ်ပါတယ်။ အခုအချိန်ကတော့ စစ်အုပ်စုအပြီးတိုင်ချုပ်ငြိမ်းသွားဖို့ တိုက်ပွဲဝင်ရင်း ဖြေရှင်းကြ ရမယ့် နိုင်ငံရေးဆိုင်ရာ ကဏ္ဍတစ်ခုချင်းစီကိုလည်း ဝိုင်းဝန်းကြိုးစားဖြေရှင်းကြလျက် ရှေ့ခရီး ဆက်ကြ ရ မယ့် အချိန်ဖြစ်ပါတယ်။ ဝန်ကြီးဌာနအသီးသီးအနေနဲ့လည်း တော်လှန်ရေးအတွက် ဦးစားပေး လုပ် ငန်း စဥ်များကို ပိုမိုအားစိုက်အချိန်ပေးရမှာ ဖြစ်သလို ပြည်သူတွေအတွက် လိုအပ်ချက်အရ မဖြစ် မနေ အချိန်ပေး စီမံလုပ်ဆောင်ပေးကြရမယ့် လုပ်ငန်းတွေလည်း ရှိတာဖြစ်တဲ့အတွက် ရှိတဲ့ အချိန်အ ရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာအရင်းအမြစ် တွေကို စနစ်တကျ စီမံခန့်ခွဲရင်း လုပ် ဆောင်ကြရဖို့ မှာကြားရင်း နိဂုံးချုပ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြော ကြားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *