Myingyan News

0 0
Read Time:1 Minute, 27 Second

မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၃၀

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံ ပျူစခန်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Anyar Federal Task Force(AFTF) အဖွဲ့မှ ထံမှ သိရသည်။

 

ဇူလိုင်လ ၂၈ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူစခန်းရှိ အကြမ်းဖက်စစ်သား၊ ပျူများကို Shar-Htoo-Waw နည်းပညာ Fixed Wing Drone များဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား၊ ပျူများက ၆၀ မမ စိန်ပြောင်းဖြင့် ၄ ချက် ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force (AFTF) နှင့် အတူ မဟာမိတ်အဖွဲ့များ ဖြစ်သော Freedom Fighter Guerrilla Force (FFGF) နှင့် 8 Stars အဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *