Yenanchaung News

0 0
Read Time:2 Minute, 37 Second

ရေနံချောင်းမြို့ ခလရ ၇၇ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ် ခတ်တိုက်ခိုက်မှုကြောင့် စစ်ဘေး ရှောင်ပြည်သူ အမျိုးသမီး ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၉

 

မကွေးတိုင်း၊ ရေနံချောင်းမြို့ ခလရ ၇၇ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေး ရှောင်ပြည်သူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း ရေနံချောင်းမြို့နယ် ပကဖထံမှ သိရသည်။

 

ယမန်နေ့ဇူလိုင်လ ၂၈ ရက် နံနက် ၅ နာရီခန့်က ရေနံချောင်းမြို့အခြေစိုက်အကြမ်းဖက်စစ်ကောင်စီ ၏ ခမရ ၇၇ တပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ၄၀ မမ၊ ၆၀ မမလက်နက်ကြီးများဖြင့် ၅ လုံးပစ် ခတ်ခဲ့ရာ ကုက္ကိုကွအုပ်စုအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အ သက် ၅၈ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ အသက် ၂၀ ဝန်းကျင်အရွယ် နှင့် အသက် ၃၀ ဝန်း ကျင်အရွယ် အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မဖြစ်ပဲနဲ့ ၄၀ မမ၊ ၆၀ မမတွေနဲ့ ၅ လုံးပစ်တာ၊ စစ်ဘေးရှောင်စခန်းကို ထိမှန်ခဲ့လို့ အ မျိုးသမီးတစ်ဦးသေတယ်၊ အမျိုးသားလေးဦး ဒဏ်ရာရတယ်၊ စစ်ဘေးရှောင်စခန်းကတော့ ပျက်စီး သွားပါတယ်၊ လေလောဆယ်တော့ ပြည်သူတွေလည်း ကြောက်လန့်ပြီးရှောင်နေရပါတယ်၊ ပုံမှန် အ နေ အထားရောက်အောင်တော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကျန်တာတွေဆောင်ရွက်နေပါတယ်။” ဟု ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ မှ အကြမ်းဖက်စစ်သားများသည် ပြီးခဲ့သည့် ဇွန်လ တုန်း ကလည်း စစ်ကြောင်းစဉ် ရေနံချောင်းမြို့နယ်၊ ကန်လေကုန်းရွာနေအသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထောက်တိုင်များကို အပြီးအပြတ်ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *