TNLA News

0 0
Read Time:2 Minute, 10 Second

ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ်မြို့တို့ တိုက်ပွဲများ၌ စစ်သား ၂၀ ဦး သုံ့ပန်းအဖြစ်ဖမ်းမိပြီး လက်နက် ၇၀ ကျော် သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့ တိုက်ပွဲ များ၌ အကြမ်းဖက်စစ်သား ၂၀ ဦးသုံ့ပန်းအဖြစ် ဖမ်းမိပြီး လက်နက် ၇၀ ကျော်သိမ်းဆည်းရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့တွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင် စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်ဖြစ်ပြီး တပ်မ (၁၁)၊ ခမရ (၅၀၁) တပ်စခန်းတို့မှ လက်နက် (၃၇) လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ သိမ်းဆည်းရမိထားသည့် လက်နက်များမှ MA1 (၉) လက်၊ MA2 (၂) လက်၊ MA3 (၁၅) လက်၊ MA11 (၆) လက်၊ M22 (၁) လက်၊​ RPG (၁) လက်၊ ၄၅ မမ (၁) လက်၊ ၆၀မမ (၁) လက်၊ Pistol (၁) လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တပ်မဟာ (၂) နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ် မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား တအာင်းတပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း (၂၀) ဦး ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း (၂၃) လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထို့နောက် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအားတအာင်း တပ်မတော် TNLA မှ လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ် (၈) လက်၊ RPG (၁) လက်၊ ငါးကျည်းမြှီး (၁) လက်၊ ၆၀မမ ပြောင်းတို (၁) လက်၊ ၆၀မမ ပြောင်းရှည် (၁) လက်၊ ၈၁ မမ နောက်ပွင့် (၁) လက် စုစုပေါင်း (၁၃)လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *