TNLA News

0 0
Read Time:2 Minute, 54 Second

မိုးမိတ်၊ ကျောက်မဲနှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်ကင်းစခန်းတစ်ခုကို သိမ်း ပိုက်ရရှိကာ လက်နက် ၁၁ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်၊ ကျောက်မဲနှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ၏ တာဝေးကင်းစခန်းတစ်ခုကို သိမ်းပိုက်ရရှိကာ လက်နက် ၁၁ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၉ ရက် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) (၃၅) ရက်မြောက်နေ့တွင် တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်စသည့်မြို့နယ်များ တိုက်ပွဲဆက်လက်ဖြစ်ပြီး မိုးမိတ်မြို့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ် ခမရ (၃၄၈) တပ်ရင်းတို့ တိုက် ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ အဝေးကင်းစခန်းတစ်ခုကို တအာင်းတပ်မတော် TNLA မှ သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇူလိုင်လ ၂၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်တွင် မိုးမိတ်ဗျူဟာကုန်းကို တအာင်းတပ်မတော် TNLA မှ စစ်ဆင်ရေး ဆက်လက်ပြုလုပ်လျက်ရှိရာ စစ်ကောင်စီ၏ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂၁) ခလရ (၃၄၈) တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

တအာင်းပြည်တပ်မဟာ (၂) နယ်မြေ ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ် ခမရ (၅၀၂) တပ် စခန်းမှ မန်အောင်ဘုန်းတော်ကြီးကျောင်းဘက်သို့ ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၁၁ နာရီမှ ၁၂ နာရီ အထိ  ဟောင်ဝိဇာလက်နက်ကြီး အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုအပြင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁) လက်အောက်ခံ ခမရ (၅၀၁၊ ၅၀၂) ရှိ လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းအား တအာင်းတပ်မတော် TNLA က ထိုး စစ် ဆင်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်တွင် နှစ်ဖက် တိုက်ပွဲ ဖြစ်ကြောင်း၊ လက်ကျန် စခန်းများကို လိုက်လံ ရှင်းရာတွင်လည်း စစ်ကောင်စီတပ်သားများ အသုံးပြုသော သေနတ် (၁၁) လက် သိမ်းဆည်းရရှိ ခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ (၂) နယ်မြေ တအာင်းတပ်မတော် – TNLA မှ သိမ်းပိုက်ထားသော နောင်ချိုမြို့ နယ်၊ ရေဖြူဘုန်းကြီးကျောင်းမှ တဆင့် အကြမ်းဖက်စစ်သားများက တအာင်းတပ်မတော် TNLA တည်ရှိရာဘက်သို့ ထိုးစစ်ဆင် လာသဖြင့် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *