Tanintharyi News

0 0
Read Time:2 Minute, 16 Second

တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၃၀ ကျော်သေဆုံး

 

D Day News

ဇူလိုင်လ ၂၉

 

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ် ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ ထံမှ သိရသည်။

 

ဇူလိုင်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ကျွန်းစုမြို့နယ်ဘက်မှ စစ် ကြောင်း ထိုးဝင်လာသော အကြမ်းဖက်စစ်သားများကို မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ၂ တပ်ဖွဲ့ များ က ခုခံတိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ  အများ အပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က တိုက်ပွဲပိုမိုပြင်းထန်ခဲ့ပြီး အကြမ်း ဖက်စစ်သားများက လယ်သစ်ကျေးရွာအတွင်း၌ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

“ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ကျွန်းစုမြို့နယ်ဘက်ကနေ စစ်ကြောင်းထိုးလာတာ၊ ကြည်း ၊ ‌ရေ၊ လေ ၃ ခုပေါင်းစစ်ကြောင်းထိုးတာ၊ ၁၀ ရက်အတွင်း အပြင်းအထန်ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်တယ်၊ ဒီနေ့က ပိုပြင်းထန်တယ်၊ အခုတော့ စစ်ခွေး စစ်ကြောင်းက လယ်သစ်ကို ဝင်သွားတယ်။ စခသေတာ ၃၀ ကျော်တယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်။” ဟု မြိတ်ခရိုင်ပူး ပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့သို့အကြမ်းဖက်စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဒေသနေ ပြည် သူ အမြောက်အများ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီး ၊လေ ကြောင်းနှင့် ရေကြီးမှု ကပ်ဘေးပါ ခံစားနေရသဖြင့် စား၊ဝတ်၊ နေရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *