Lasho News

0 0
Read Time:1 Minute, 49 Second

လားရှိုးမြို့ရှိ လက်ကျန်တပ်စခန်းများဖြစ်သော ဆက်သွယ်ရေးတပ်ရင်း၊ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်း၊ ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့ကို တိုက်ခိုက်သိမ်းပိုက်

 

D Day News

ဇူလိုင်လ ၂၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လက်ကျန်တပ်စခန်းများဖြစ်သော ဆက်သယ်ရေးတပ်ရင်း၊ အမှတ် ၇၀၀၅ သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော် ဂေါက်ကွင်းတို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း BPLA က ထုတ်ပြန်သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နှင့် ယနေ့ ဇူလိုင်လ ၂၉ ရက် နေ့တို့တွင် လားရှိုးမြို့အခြေစိုက် အကြမ်း ဖက် စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၇၀၀၅) သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် (၂၄၂) စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့ရှိ အကြမ်းဖက်စစ်ကောင်စီ တပ် သားများကို အပြီးတိုင်မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သိမ်းပိုက်မှုအတွင်း သံချက်ကာယာဉ်များအပါအဝင် စစ်လက်နက်ပစ္စည်းအမြောက်အများသိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *