Lasho Jail News

0 0
Read Time:2 Minute, 43 Second

လားရှိုးအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ပြည်သူ့လွှတ်တော် ဒုဥက္ကဌ၊ NLD ပါတီဗဟိုအလုပ် အမှု ဆောင် ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးပကဖ စောင့်ရှောက်ထား

 

D Day News

ဇူလိုင်လ ၂၉

 

လားရှိုးအကျဉ်းထောင်ကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် လွတ်မြောက်လာသော ပြည်သူ့လွှတ်တော် ဒုဥက္ကဌ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံ ရေးအကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးပကဖက စောင့်ရှောက်ထားကြောင်း NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့က လားရှို့းမြို့၊ လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ ခလရ ၆၈ တပ်ရင်းကို MNDAA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ပွင့်သွားကာ အကျဉ်းသားအားလုံးထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ လွတ် မြောက်လာသော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရမှုကြောင့် အဆက်အသွယ် မရပဲ ပြတ်တောက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

“ဆရာဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း ၂၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖနဲ့ လားရှိုးခ ရိုင်တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်” ဟု NUG ကာကွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက ၎င်း၏ လူမှုကွန်မှတဆင့် အသိပေး ထားသည်။

 

NLD ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ လည်းဖြစ်သူ ဦးထွန်းထွန်း ဟိန်ကို အကြမ်းဖက်စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ – ၁၂၂၊ ရာသတ်ကြီးပုဒ်မ – ၅၀၅ (က) ၊ပုဒ်မ – ၅၀၅ (ခ) တို့ဖြင့် ထောင် ဒဏ် ၃၃ နှစ် မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အသက် ၇၅ နှစ် အရွယ်ရှိနေပြီဖြစ်သည့် ဦးထွန်းထွန်းဟိန်သည် ၂၀၂၀ ရွေး ကောက်ပွဲ တွင် ရှမ်း ပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူဖြစ်ဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *