Human Right News

0 0
Read Time:3 Minute, 49 Second

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေဖြင့် မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမိုသိရှိနားလည်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မည်

 

D Day News

ဇူလိုင်လ ၂၉

 

ဖိလစ်ပိုင်နိုင်ငံလူ့အခွ့င်အရေးကော်မရှင်အနေဖြင့် မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို ပိုမိုသိရှိနားလည်အောင်ဆောင်ရွက်ပြီး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 

ဇူလိုင်လ ၂၆ ရက်နေ့က NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ၊ မြန်မာ့အရေးကို လှုပ်ရှား ဆောင်ရွက်နေသည့် မြန်မာနှင့် ဖိလစ်ပင်းတက်ကြွလှုပ်ရှားသူများအဖွဲ့ တို့သည် ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (Commission On Human Rights Philippines) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်(Commission On Human Rights-Phillippines) ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc နှင့် ကော်မရှင်နာ Hon.Faydah Maniri Dumarpaတို့ နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက် စစ် အုပ်စု ပေါ်တွင် နိုင်ငံတကာမှ အရေးယူ ဆောင်ရွက်နေမှုအခြေအနေများ ၊ လူ့အခွင့်အရေး ချိုးဖောက်မှု များ နှင့်ပတ်သက်၍ တာဝန်ခံမှုနှင့် သက်ဆိုင်သော လှုပ်ရှားတောင်းဆို မှုများ အခြေအနေနှင့် ဖိလစ် ပိုင်နိုင်ငံနှင့် အစိုးရ၏ မြန်မာနိုင်ငံ အပေါ် သဘောထားများ နှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်ပြီးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

 

ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက အာဏာ သိမ်း ရန်ကြိုးပမ်းစဉ်ကစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု များ ကို ထုတ်ဖော်ပြောကြားခြင်း၊ ချိုးဖောက်ခံပြည်သူများနှင့် ရပ်တည်ချက် အလျဉ်းမရှိဘဲ အကြမ်း ဖက်စစ် အုပ်စုဘက်တွင် ရပ်တည်နေသည့် အခြေအနေများ၊ ပြည်သူလူထု၏ လေးစားယုံကြည် အား ကိုးမှု ပျောက်ဆုံးနေသည့် အခြေအနေများကို တက်ရောက်လာသူများက တင်ပြခဲ့ကြောင်း သိရ သည်။

 

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ပဲရစ်မူဝါဒ နှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊ လူ့အခွင့်အရေးပညာပေးမြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိ ခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်နေသည့် ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ တွင် အသိအမှတ်ပြုခြင်းမပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *