Thayet Jail News

0 0
Read Time:3 Minute, 8 Second

သရက်အကျဉ်းထောင်အာဏာပိုင်များက သွေးတိုးရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုညီညီကို အချိန်မီးဆေးဝါးကုသမှုမပေးခဲ့သဖြင့် ကျဆုံး

 

D Day News

ဇူလိုင်လ ၂၈

 

မကွေးတိုင်း၊ သရက်မြို့နယ်၊ သရက်အကျဉ်းထောင်အတွင်း၌ ထောင်အာဏာပိုင်များက သွေးတိုး ရောဂါ ခံစားနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုညီညီကို အချိန်မီဆေးဝါးကုသ မှုမပေးသဖြင့် ကျ ဆုံး သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရ သည်။

 

ယမန်နေ့ ဇူလိုင်လ ၂၆ ရက် ညနေပိုင်းက သရက် အကျဉ်းထောင်အတွင်း၌ အကြမ်းဖက်ပုဒ်မ ၅၂ (က) /၅၁ (ဂ) တို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသော ကိုကိုသည် သွေးတိုးရောဂါခံစား ရသဖြင့် အရေးပေါ်ဆေးဝါးကုသပေးရန် အကျဉ်းထောင်တာဝန်ခံများထံ နိုင်ငံရေးအကျဉ်းသား များက တောင်းခံခဲ့ကြောင်း သိရသည်။

 

ထိုသို့အကူအညီတောင်းခံခဲ့သော်လည်း တစ်နာရီကျော်အကြာမှသာ အကျဉ်းဦးစီးဝန်ထမ်းများမှ အကျဉ်းသားဆေးမှူးတစ်ဦးကို လာရောက်ပို့‌ဆောင်၍ ကြည့်ရှု့စစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး (၂၄၀) အောက်သွေး (၁၄၀) အထိ ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ သွေးပေါင်ချိန် အရမ်းတက် လာချိန်တွင် ပြင်ပဆေးရုံသို့ အချိန်နှင့်တပြေးညီ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးစောင့်ရှောက်မှုများ ပေးရမည်ဖြစ်သော်လည်း ညအချိန်ဖြစ်သည်ကို အကြောင်း ပြပြီး အဆင့်ဆင့်သတင်းပေးပို့နေရသည် ဟုဆိုကာ အပြင်သို့ လာရောက်ခေါ်ထုတ်ချိန် အချိန်တစ် နာရီခွဲ ကျော် ကြာမြင့်ခဲ့ရာ ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းအချိန်၌ နိုင်ငံရေး အကျဉ်း သားကိုညီညီမှာ အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားကြောင်း သိရသည်။

 

လက်ရှိသရက်ထောင်တွင် ‌ထောင်ဆရာဝန် ငြိမ်းချမ်းကျော် တာဝန်ထမ်းဆောင်နေလျက်ရှိပြီး ကိုညီညီ နေထိုင်ရသည့် အဆောင်ကို အဆောင်မှူး နိုင်လင်း အုပ်ချုပ်၍ ထောင်ပိုင် ညွန့်ဘိုဝင်း မှ ဦးဆောင်ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသား အသက် ၃၉ နှစ်အရွယ် ကိုညီညီသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် (၁၁) နှစ်ဖြင့် မတရားချမှတ် အပြစ်ပေးခြင်းခံထားရခြင်းဖြစ်ပြီး ထောင်တွင်း အချိန်နှင့် တပြေးညီ ဆေးဝါးကုသစောင့်ရှောက်ခွင့် မရ၍ ကျဆုံးခဲ့ရမှုအပေါ် ပြည်သူ့အစိုးရ တက်ရောက်လာ ချိန်တွင် သေချာပေါက် တာဝန်ခံရမည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသား များ ကွန်ရက် (PPNM) အနေဖြင့် အသိပေး ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *