Seikphyu News

0 0
Read Time:1 Minute, 52 Second

ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု အရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၈

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကပစ ၂၂ ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်အရာရှိတစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြော်ငး Oak Awe UG စလေမြို့ပြပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၂၃ ရက်နေ့ ည ၇ နာရီ ၁၁ မိနစ်ခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ ကပစ ၂၂ ကို ၆၀ မမ ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ် စက်ရုံ အ တွင်း ကျရောက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံး ကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဓိက ပစ်မှတ်ထား ပစ်ခတ်တာကတော့ အရာရှိ လိုင်းခန်းနဲ့ လက်နက် ကြီး အထိုင်ကုန်းတို့ကို ပစ် မှတ်ထား တိုက်ခိုက်တာပါ။ အထိအခိုက်သေဆုံးမှု စားရင်းရပါပြီ။ အရာရှိ ၁ ဦးအပါအဝင်၂ ဦးသေဆုံး ပြီး ၄ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု Oak Awe UG စလေမြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို OAK AWE UG စလေမြို့ပြပြောက်ကျားတပ်ဖွဲ့၊ အာဠာဝက မြို့ပြ ပြောက် ကျားတပ်ဖွဲ့ ၊ ပေါက်ပကဖ နှင့် သခင်ဖိုးလှကြီး အဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *