Poem

0 0
Read Time:1 Minute, 0 Second

ကဗျာ ကဏ္ဍ “သမ္မတရူးသို့ သဝဏ်လွှာ”

 

ပျိုးကြဲလက်

 

ပြည့်အာဏာကိန်း

အဘထိန်းလျှင်

လူပြိန်းလူမိုက်

 ကပ်ဆိုက်သည်။

 

ရန်စွယ်ညှောင့်ကင်း

အဘခွင်းမှ

ပြည်တွင်းစစ်ကြီး

မီးတောက်ပြီ ။

 

စစ်နှင့်ရဲများ

အဘသားလည်း

ရေခြားမြေခြား

နိုင်ငံခြားသို့

သွားဘူးပြီ ။

 

ပျူနှင့်အုပ်ကြီး

အဘတီး၍

စစ်မီးထဲမှာ

သေရှာပြီ ။

 

ထောက်ပို့မှာတစ်

အဘဖြစ်၍

ပြည်ချစ်ဖရဲ

ကျော်ကြားဆဲ ။

 

စီမံအုပ်ချုပ်

အဘရှုပ်မှ

အပုပ်နံ့ပေါ်

ကျော်တော့သည် ။

 

အမှန်အမှား

အဘခြား၍

ကွဲပြားပါဘိ

မြင်လွယ်၏ ။

 

သမ္မတယောင်

အဘဆောင်မှ

ညီနောင်မြောက်မင်း

အောင်မြေနင်း ။

 

ယတြာတင့်ထူး

အဘရူးသို့

ကျေးဇူးကမ္ဘာ

သဝဏ်လွှာကို

ပို့ရပါဘိ

ပို့ပါ၏ ။ ။

 

ပျိုးကြဲလက်

 

ကဗျာရေးချိန် = ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၅၉ မိနစ်

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *