Myingyan News

0 0
Read Time:2 Minute, 41 Second

မြင်းခြံ- နဘူးအိုင်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကား၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု ဗျူဟာမှူး အပါ အဝင် ၁၃ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၈

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗျုဟာမှူးအပါအဝင် အကြမ်းဖက်စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က မြင်းခြံမြို့မှ နဘူးအိုင်ဘက်သို့ ဖော ကားတစ်စီး၊ အိမ်စီးကား တစ်စီးဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို မြင်းခြံ -နဘူး လမ်းပိုင်း တနေရာ အရောက် ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ ဗျူဟာ မှူးလိုက်ပါလာသော အိမ်စီးကားမှာ ဂျွမ်းထိုးမောက်ခုံဖြစ်သွားပြီး ဗျူဟာမှူးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“မြင်းခြံကနေ ထွက်လာတဲ့ကားကို မိုင်းဆွဲလိုက်တာ ကားပါ ဂျွမ်းပြန်သွားတယ်။ မြင်းခြံရောက်လာ တဲ့ဗျူဟာမှူးအသစ်ပါ သေသွားတယ်လို့ သတင်းရထားတယ်။ လာတာက ဖောကားရယ်၊ အိမ်စီး ကား ရယ်ထွက်လာတာ။ သူတို့ဘယ်သွားမယ်ဆိုတာတော့ သတင်းတော့မရဘူး။ မြင်းခြံကနေ နဘူးအိုင်ဘက်ကို ထွက်သွားတယ်သတင်းရတာနဲ့ မိုင်းကွင်းကနေ သွားစောင့်ဆွဲလိုက်တာ၊ အိမ်စီး ကတော့ ဂျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး သေတာ၊ဗျူဟာမှူးအပါအဝင် ၁၃ ဦးသေတယ်လို့ သိရတယ်။ ကားကိုလည်း ကရိန်းနဲ့ဆွဲသွားတယ်။ မိုင်းကွင်းနေ ရာကို ပြန်စစ်တော့ ကားတာယာအစတွေရော၊ ပျက်စီးထားတဲ့ အပိုင်းအစတွေရောတွေ့တယ်။” ဟု ဒေါင်းမင်းတမန် အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တာဝန်ခံက ပြောကြားသည်။

 

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင် ခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်သားများနှင့် တိမ်းမှောက်သွားသော ကားကို မြင်းခြံ မြို့ပေါ်မှ စစ်သားလာရောက်ပြီး ကရိန်းကားဖြင့် ဆွဲထူသယ်ဆောင်သွားကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *