MNDAA News

0 0
Read Time:2 Minute, 56 Second

လားရှိုးမြို့တွင် အကြွင်းအကျန်စစ်သားများကိုလည်း လိုက်လံရှင်းထုတ်လျက်ရှိပြီး အုပ်ချုပ်ရေး ယန္တရားကို လည်း စနစ်တကျလုပ်ဆောင်လျက်ရှိဟု MNDAA ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၂၈

 

လားရှိုးမြို့တွင် အကြွင်းအကျန် အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်း ထုတ် လုပ်ရှိပြီး အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိကြောင်း MNDAA က ထုတ် ပြန်သည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က လားရှိုးမြို့ အုပ်ချုပ်ရေးယန္တရားကို အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီက တာဝန်ယူကြောင်း မြန်မာအမျိုးသား ဒီမို ကရေစီ မဟာမိတ် တပ်မတော် စစ်ကော်မရှင်က ကြေညာ ချက် ထုတ်ပြန်ခဲ့ပြီးနောက် အထူးအုပ်ချုပ်ရေးဒေသ (၁) ရဲတပ်ဖွဲ့ သည် လူမှုဖူလုံရေးလုပ်ငန်းကို လည်းကောင်း၊ MNDAA တပ်ဖွဲ့ မှ ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး တစ်ချိန်တည်း မှာပင် လားရှိုးမြို့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးကော်မရှင်ကို အုပ်ချုပ်ရေးပိုင်းနှင့် စစ်ပြီးကာလ ပြန် လည်တည်ဆောက်ရေးတို့အတွက် တာဝန်ယူရန် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် MNDAA တိုက်ပွဲဝင်တပ်ဖွဲ့သည် ထွက်ပြေးသွားသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးနေဆဲဖြစ်ကြောင်း MNDAA က ထုတ်ပြန်အသိပေးထားသည်။

 

တစ်ချိန်တည်းတွင် ယမန်နေ့ ဇူလိုင်လ ၂၆ ရက် နေ့က MNDAA လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို လားရှိုးမြို့ ရှိ အများပြည်သူ လုံခြုံရေး ထိန်း သိမ်းရန်အတွက် ဝင်ရောက်ခဲ့ကြောင်း၊ MNDAA တပ်သည် လားရှိုး မြို့တော်ခန်းမ၊ ရဲစခန်း၊ တပ်မ ၄၁ ၊ ၉၁၂ အင်ဂျင်နီယာ တပ်ရင်း ၊ လားရှိုးမြို့ဆေးရုံကြီး ၊ အခြား နေရာများနှင့် ရပ်ကွက်များ၊ ဒေသခံ မိဘမဲ့ကျောင်းများသို့ သွားရောက်၍ ကူညီထောက်ပံ့မှုများ ပြုုလုပ်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးအသိပညာများကိုလည်း လမ်းညွှန်ခဲ့ကြောင်း သိရသည်။

 

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်သည် လားရှိုးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားပြီး တစ်ချိန်တည်းတွင် မင်းအောင်လှိုင် အာဏာသိမ်းတပ်ဖွဲ့ဝင် အကြွင်းအကျန်ရန် သူများကို ရှင်းလင်းရန် MNDAA တပ်ဖွဲ့အသီးသီးက အရှိန်မြှင့်လုပ်ဆောင်နေပြီး အထူးအုပ်ချုပ်ရေး ဒေသ(၁)အစိုးရ၏ အုပ်ချုပ်မှုယန္တရားကိုလည်း စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန် ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *