Gangaw News

0 0
Read Time:5 Minute, 53 Second

ဂန့်ဂေါမြို့နယ်ပလဖအဖွဲ့ က ပြည်သူတစ်ဦးကို မူးယစ်ဆေးဝါးသံသယဖြင့် ဖမ်းဆီးနှိပ်စက်ရာ သေဆုံးမှုအပေါ် NUG အစိုးရက ထိရောက်စွာ အရေးယူပေးပါရန် CDF -KKG ၊ YPDF နှင့်ထောက်ပို့ အဖွဲ့ များက ထုတ်ပြန်တောင်းဆို

 

D Day News

ဇူလိုင်လ ၂၇

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျွန်းဒတ်ကျေးရွာနေ ပြည်သူတစ်ဦးကို ဂန့်ဂေါမြို့နယ်ပလဖအဖွဲ့က မူးယစ်ဆေးဝါးရောင်းချသည်ဟု သံသယဖြင့်ဖမ်းဆီးနှိပ်စက်ရာသေဆုံးခဲ့မှုအပေါ် NUG အစိုးရမှ ထိ ရောက်စွာ အရေးယူပေးပါရန် YPDF ၊ CDF -KKG တပ်ဖွဲ့နှင့်ထောက်ပို့တပ်ဖွဲ့များက ထုတ်ပြန် တောင်းဆိုလိုက်သည်။

 

ဇူလိုင်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲခန့်က ဂန့်ဂေါမြို့နယ် ကျွန်းဒတ်ကျေးရွာနေ ဦးဆန်းလွင်အား ဂန့်ဂေါမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တာဝန်ခံမှ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိခြင်းမရှိဘဲ မူးယစ်ဆေးသံသယမှုဖြင့် ဖမ်းဆီးပြီးနောက် ယင်းနေ့ ညနေ ၃နာရီခန့်တွင် မိသားစုထံသို့ အလောင်း လာရောက်ထုတ်ယူရန် ဆက်သွယ်လာကြောင်းသိရသည်။

 

ဦးဆန်းလွင် သေဆုံးမှုတွင် ဦးဆန်းလွင်၏ ခန္ဓာကိုယ်တွင် များစွာသော ဒဏ်ရာဒဏ်ချက်များကို တွေ့ ရှိရသည်မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)သည် သံသယတရားခံ ဦးဆန်းလွင် အပေါ်ကို မိမိတို့လုပ်ဆောင်ရမည့် တာဝန်မှ များစွာကျော်လွန်၍ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိရ ဟုဆိုသည်။

 

သေဆုံးသူ ဦးဆန်းလွင်၏ ခန္ဓာကိုယ်အား မည့်သည့်ခွဲစိတ်‌စစ်ဆေးမှုမှ မပြုလုပ်ခဲ့ရဘဲ ဦးဆန်းလွင် သည် ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ စစ်ကြောရေးတွင် ရိုက်နှက်ခဲ့သော ဒဏ်ရာများကြောင့် သေဆုံးခြင်းမဟုတ်ဘဲ နဂိုမူလရောဂါအခံနှင့် ဆေးမတည့်၍ သေ‌ဆုံးခြင်းသာဖြစ်သည်ဟု ဆရာဝန် ကြီးမှ ဆေးစစ်ချက်အဖြေကို ရေးပေးခဲ့သည်ဟု ပြောဆိုခြင်းသည် ကျွန်ုပ်တို့ပြည်သူလူထုအား အထင်သေး လေးစားမှုကင်းမဲ့စွာနဲ့ တာဝန်ယူမှုတာဝန်ခံမှုမရှိသော စကားကို‌ပြောဆိုသည်ဟု  မှတ် ယူကြောင်း ယင်းအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတချို့သည် ဦးဆန်း လွင် နေအိမ်သို့ လာရောက်ကာ ဦးဆန်းလွင် အမျိုးသမီးအား ယင်းကိစ္စနှင့်ပတ်သက်၍ ဆက်လက် အမှု မဖွင့်တော့ကြောင်းနှင့် ကျေအေးကြောင်း လက်မှတ်ထိုးခိုင်းခြင်းသည် ၂၀၁၈ ခုနှစ်တွင် ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနဲ့ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်မှ လူသေမှုကို ပြည်သူအချင်းချင်း ကျေအေး၍ မရကြောင်းနှင့် နိုင်ငံတော်သည် တရားလိုဖြစ်ကြောင်းပြောဆိုခဲ့မှုနဲ့ များစွာဆန့်ကျင်နေပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ နိုင်ငံတော်ကိုယ်စား တရားလိုပြု လုပ်ပေးရမည့်အစား လူသေမှုတခုလုံးကို ပပျောက်အောင်ကြိုးစားလုပ်ဆောင်နေ သည်ကိုတွေ့ရှိရ ကြောင်း ထောက်ပြထားသည်။

 

ဦးဆန်းလွင်သေဆုံးမှုသည် ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ စစ်ကြောရေးတွင် သေဆုံးသွား သဖြင့် ယင်းသေဆုံးမှုနဲ့ပတ်သက်၍ ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ အပြည့်အဝတာဝန်ယူ ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

 

အဓိကတာဝန်ရှိသော ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ စစ်ကြောရေးတွင် ဦးဆန်းလွင်အား အသက်သေဆုံးစေနိုင်သည့် ရိုက်နှက် စစ်ဆေးမှုများနှင့် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ချို့၏ ဦးဆန်းလွင် သေဆုံးမှုနဲ့ပတ်သက်၍ အ‌မှု‌ကျေအေးရန် ကြိုးစားနေမှုများကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။

‌နွေဦးတော်လှန်ရေးတွင် မြေပြင်ရဲဘော်များ၏ လုပ်ဆောင်ချက်နှင့် ထောက်ပို့ ပြည်သူများ၏ ထောက်ပို့မှုသည် ထပ်တူအချိုးကျနေပြီး မြေပြင်ရဲဘော်များ၏ ပုံရိပ်ကို ကြီးမားစွာထိခိုက်စေသော ဦးဆန်းလွင် သေဆုံးမှုတွင် တာဝန်ရှိသည့် ဂန့်ဂေါမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံနှင့် ပါဝင် ပတ်သက်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေဖြင့် အမြန်ဆုံး ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်သည်။

 

ဂန့်ဂေါမြို့နယ်အတွင်းရှိ ခရိုင်တပ်ရင်းများ၊Local တပ်ရင်းများ၊ ပအဖ၊ ပကဖများနှင့် အရပ်ဖက်အဖွဲ့ စည်း များအနေဖြင့်လဲ ယခုကဲ့သို့ ပြည်သူသေဆုံးမှုများ နောက်နောင်မဖြစ်ပေါ်စေရေးအတွက် ပြည် သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်း တောင်းဆိုထားသည်။

 

အဆိုပါ တိုက်တွန်းတောင်းဆိုချက်ကို –

 

(၁)Global Yaw Funding (GYF)အဖွဲ့

(က)Yaw Funding Korea

(ခ) Yaw Funding Japan

(ဂ) Yaw Funding Thailand

(ဃ) Yaw Gone Yi

(င) Yaw Family Malaysia

၂။နှလုံးလှလူမှုကူညီရေးအသင်း (ဂန့်ဂေါမြို့)

၃။ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)

၄။CDF KKG

 

တို့ပူးပေါင်းကာ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *