Chinland News

0 0
Read Time:1 Minute, 46 Second

ထန်တလန်မြို့အရံ ရှေ့တန်းအမာခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်မှု တစ်ပတ်အတွင်း စခန်း ၆ ခုကို သိမ်းပိုက်ရရှိပြီး စစ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၈

 

ချင်းပြည်နယ်၊ ထန်တလန်မြို့အရံ ရှေ့တန်းအမာခံစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာ တစ်ပတ် အတွင်း စခန်း ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Chinland Council ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့နှ့င် ထန်တလန်မြို့ကြားရှိ ထန်တလန်မြို့ရံ ရှေ့ တန်း အမာခံစခန်းဖြစ်သည့် Auto တောင် စခန်း ၃ ခုအား Chinland Council ပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစခန်းများသည် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက် သိမ်းပိုက်မှုအတွင်း လက်နက်အများအပြားသိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံး ပြီး  ၂ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

Chinland Council ပူးပေါင်းတပ်ဖွဲ့များမှ ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီ၏ ရှေ့တန်း အမာ ခံ စခန်းများကို ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်တိုက်ခိုက်ရာ တစ်ပတ်အတွင်း စခန်း ၆ ခု သိမ်းပိုက် ရရှိခဲ့ပြီး လက်နက်ခဲယမ်းများအပြင် သုံ့ပန့် ၃ ဦး ဖမ်းဆည်းရရှိထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *