TNLA News

0 0
Read Time:2 Minute, 29 Second

ကျောက်မဲနှင့်မိုးမိတ်တို့ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မိုးကုတ်မြို့မှ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံရှင်းလင်းစဉ် လက်နက် ၄ လက်နှင့်အခြားပစ္စည်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့်မိုးမိတ်မြို့နယ်တို့ရှိအကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ယဗန့ ဇူလိုင်လ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ကျောက်မဲမြို့ရှိ အကြ်မးဖက်စစ်ကောင်စီတပ် စကခ ၁ ၊ ခမရ ၅၀၁ ၊ ခမရ ၅၀၂ တပ်သားများ တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင် စခန်းကုန်းတို့ကို TNLA ထိုးစစ်တိုက်ခိုက်ရှင်းလင်းခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် မိုးမိတ်မြို့၊ ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်း စသည့်နေရာများတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၆ နာရီအချိန်မှစ၍ မိုးမိတ်မြို့၊ ဒိုးပင်နှင့်ညောင်ပင်ဆောက်ရှိ အကြမ်း ဖက်စစ်ကောင်စီ၏ ကစခ ၂၁ လက်အောက်ခံ ခလရ ၂၇၆ တပ်စခန်း၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက် ၁၀ နာရီအချိန်မှစ၍ ညောင်ပင်ဆောက်ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃ ကိုလည်းကောင်း၊ မိုးမိတ်ဗျူဟာကုန်းရှိ စကလ ၂၁ လက် အောက်ခံ ခလရ ၃၄၈ ကိုလည်းကောင်း TNLA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း သိရသည်။

 

ထို့ပြင် မိုးကုတ်မြို့တွင်းရှိ ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားအချို့ကို လိုက်လံ ရှင်းလင်းရာ သေနတ် ၄ လက်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *