Thabeikkyin News

0 0
Read Time:2 Minute, 21 Second

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းတို့ကို သိမ်းပိုက်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက် ၂၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၇

 

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရရှိခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာ၌ ရဲအုပ် ကျော်ဝဏ္ဏထွန်း (စခန်းမှူး) ဦးစီး ရဲ အင်အား (၉) ဦးရှိ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ၂ ဦးဖမ်းဆီးရရှိကာ ၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ယင်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၀၃ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် (၁၉) ခု၊ Equipment (၅) ခု၊ ကျောပိုးအိတ် (၂) လုံး၊ ခါးပတ် (၁) ခု၊ ဘေးအိတ် (၃) လုံး၊ ဦးထုပ် (၂) လုံး၊ စကားပြောစက် (၂) လုံး၊ လက်ကိုင်ဖုန်း (၆) လုံး နှင့် keypad ဖုန်း (၂) လုံး သိမ်း ဆည်းရရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို မန္တလေးတိုင်း တာဝန်ခံရုံး ကွပ်ကဲ၍ အမှတ် (၅၀၉) တပ်ရင်း၊ KIA/ KPDF၊ ABSDF နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ကလည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို အထူးလှုပ်ရှား တပ်ရင်း-၃ နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့မှ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်များ အသုံးပြုသောလက်နက်ငယ် (၁၃) လက်၊ ကျည်မျိုးစုံ (၁၀၀၀) ကျော်၊ ကျည်အိမ် (၂၈) ခု သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *