တကောင်တောင်ပေါ်ရှိ ရဲကင်းစခန်းကို တိုက်ခိုက်မှု လက်နက်ငယ် ၁၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇူလိုင် ၂၇
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲကင်း စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် ၁၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဇူလိုင်လ ၂၅ ရက် နေ့က သပိတ်ကျင်းမြို့နယ်၊ တကောင်းတောင်ပေါ်ရှိ အာဏာသိမ်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲကင်းအား အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် အမှတ် ၃ အထူးတပ်ရင်းနှင့် သပိတ်ကျင်းမြို့နယ် (ပကဖ)တို့ပူးပေါင်းကာ စီးနင်းတိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှ လက်နက်ငယ် (၁၂) လက်၊ ခြောက် လုံးပြူး (၁) လက်၊ ကျည်အိမ် (၂၈) ခုနှင့် ကျည်မျိုးစုံ (၁၀၀၀) ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ် ကထုတ်ပြန်ထား သည်။
D Day News