Singu News

0 0
Read Time:2 Minute, 18 Second

စဉ့်ကူးမြို့နယ်၊ ရွာသာရွာပျူစခန်းတိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး အများအပြားသေဆုံး

 

D Day News

ဇူလိုင်လ ၂၇

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား၊ ပျူစောထီး အများအပြားသေဆုံးခဲ့ကြောင်း Phoenix Wings ဒရုန်းတပ်ဖွဲ့ ထံမှ သိရသည်။

 

ဇူလိုင်လ ၂၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်မှစတင်၍ စဉ့်ကူးမြို့နယ်၊ ရွာသာရွာ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်တွင် စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ လက်နက်ချခြင်းမရှိသဖြင့် ပစ်ခတ်ရှင်းလင်း ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးအများအပြားသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း ဖက်ဒရယ်ပြည်ထောင်စုအတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

“လက်နက်တွေ သိမ်းမိတာရော၊ ဖမ်းမိတာရောရှိတယ်၊ တိုက်နေတဲ့ အချိန်မှာပဲ စက်လှေတွေနဲ့ ထွက်ပြေးသွားတာတွေလည်းရှိတယ်၊ စစ်ကူလာတာတွေ၊ လက်နက်ကြီးပစ်ကူပေးတာတွေမရှိဘူး။ ရှိန်းမကားနဲ့ဆိုရင်သိပ်မဝေးဘူး။ Y 12 လေယာဉ်နဲ့ သုံးကြိမ်ရွာပေါ်ကို ပျံဝဲတာရှိပေမယ့် ဗုံးကျဲချတာ မျိုးတော့မရှိပါဘူး၊ စခန်းသိမ်းပိုက်ပြီးတော့ စခန်းကို မီးရှို့ဖျက်ဆီးထားခဲ့တာ၊ လက်နက်သိမ်းဆည်း ရရှိမှုနဲ့ စခသေဆုံးဖမ်းဆီးရရှိမှုကတော့ သက်ဆိုင်ရာတပ်ရင်းတွေကနေ ထုတ်ပြန်ပါလိမ့်မယ်” ဟု Phoenix Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ဗိုလ်လရောင်က ပြောကြားသည်။

 

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း Phoenix Wings ဒရုန်းတပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တပ်စွဲထားရာ ဘန်ကာများပေါ်သို့ ၆၀ မမ ဗုံးသီး အလုံး ၂၀ ကို အလေ့အလွင့် မရှိ တိတိကျကျ ကျဲချနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း မဟာမိတ်တပ်ဖွဲ့မှ ဒရုန်းတစ်စီး Error ဖြစ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *