Shwe Bo News

1 0
Read Time:2 Minute, 31 Second

ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာစခန်းကို ရိက္ခာပို့လာသော စစ်ကြောင်းအား ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

 

D Day News

ဇူလိုင်လ ၂၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာကိုစခန်းကို ရိက္ခာပို့လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်းထံမှ သိရသည်။

 

ဇူလိုင်လ ၂၅ ရက်နေ့က ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူရွာစခန်းမှ တည်သီးတောပျူရွာစခန်းသို့ ခဲယမ်း၊ ကျည်၊ ရိက္ခာပို့ရန် အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လမ်းလုလပ်တနေရာအရောက်မြေပြင်မှ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ ဝေဟင်းမှ ဒရုန်းဖြင့်လည်းကောင်း ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူ ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ပဲ တိုက်ပွဲဖြစ်ပွားရာနေရာမှ နောက်ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

 

“အင်အားကတော့ ၆၀ လေက်ရှိပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်းပြန်ဆုတ်သွားတာ၊ ထိတဲ့လူ တွေကို ထမ်းခေါ်ပြီး ဆုတ်သွားပါတယ်။ ထိခိုက်သေဆုံးမှုကတော့ မြေပြင်သတင်းအရ ၃ ယောက် သေတယ်၊ ၁၅ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံးအထိအခိုက် မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၄ တပ်ရင်း ၊ တပ်ခွဲ ၁- Guardian Force ၊ တပ်ခွဲ ၂ -Warlord Defense Force ၊ တပ်ခွဲ ၃ – Snake Eye PDF၊ Dragon Urban Guerrilla Force (DUGF) နှင့် Fire Dragon PDF (Khin Oo) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *