Laung Lone News

0 0
Read Time:1 Minute, 31 Second

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ ဆင်းလာသော စစ်သား ၂ ဦးကို တိုက်ခိုက်မှု ၂ ဦးစလုံး သေ ဆုံး သွားပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၇

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ပျူရွာမှ ဆင်းလာသော အကြမ်းဖက်စစ်သား ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က လောင်းလုံးမြို့နယ်၊ ကျောက်နီ မော်ပျူစခန်းမှ တာဝါတိုင်ကုန်းဘက်သို့ ဆင်းလာသည့် အကြမ်းဖက်စစ်သား ၂ ဦးကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး MA1 သေနတ် ၁ လက် ၊ MA3 သေနတ် ၁ လက် ၊ မက်ကဇင်း ၂ ခုနှင့် ကျည် ၄၁ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ လိပ်ပြာတပ်စု ၊ တောသားလေးတပ်စု ၊ ဂဠုန်တပ်စု နှင့် ထား၀ယ်ခရိုင်တပ်ရင်း ၁ မှရဲဘော်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *