Laung Lone News

0 0
Read Time:2 Minute, 24 Second

လောင်းလုံးမြို့၊ လားဘုံးတောင်ရေဒါစခန်းကို ဆင်းလာသည့် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ် တိုက် ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

 

D Day News

ဇူလိုင်လ ၂၇

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လားဘုံးတောင်ရေဒါစခန်းကို ဆင်းလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇူလိုင်လ ၁၉ ရက် နေ့က လောင်းလုံးမြို့မှ လားဘုံးတောင်ရေဒါစခန်းသို့ ဆင်းလာသည့်အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို လျှပ်တပြက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁၀ မိနစ် ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆက်လက်ထွက်ခွာလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ကြယ်တောင်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ) နှင့် ထား၀ယ်ခရိုင် တပ်ရင်း ၁ ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ကျောင်းသားတော် လှန်ရေး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *