Lasho News

0 0
Read Time:2 Minute, 6 Second

လားရှိုးမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများအပါအဝင် ဌာနဆိုင်ရာရုံးများကို သိမ်းပိုက်ထားသည့် ဓာတ်ပုံများ ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

 

D Day News

ဇူလိုင်လ ၂၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက်‌ လား ရှိုးမြို့ပေါ်တွင် တပ်စခန်းများအပါအဝင် ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်ထားသည်ကို ဓာတ်ပုံများနှင့် တကွ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ဓာတ်ပုံမှတ်တမ်းရိုက်ကူးထားသည်မှာ ဇူလိုင်လ ၂၆ ရက်နေ့ကဖြစ်ပြီး “ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်စခန်းများကို သိမ်းပိုက်ပြီး နောက် အဆိုပါစခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်ချက်တွင်ရေးသားသည်။

MNDAA က ထုတ်ပြန်သော သက်သေဓာတ်ပုံများတွင် လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူး ယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများတွင် ရိုက်ကူးထား သည့် ပုံများဖြစ်သည်။

 

အကြမ်းဖက်စစ်တပ်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းနှင့် စစ်တပ်လက်ကိုင်တုတ်လော်ဘီချန်နယ် များက MNDAA သူပုန်တွေဟာ အရပ်သားအသွင်ဆောင်၍ ရပ်ကွက်အချိုအတွင်း စိမ့်ဝင်ပြီး ရပ်ကွက် ထဲရောက်မှ ယူနီဖောင်းများပြန်လည်ဝတ်ဆင်ကာ Online ပေါ်တင်ရန် ဓာတ်ပုံများ ရိုက်ကူးလျက် ရှိကြောင်း ပြောဆိုရေးသားလျက်ရှိသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *