Insein Jail News

0 0
Read Time:3 Minute, 39 Second

အကြမ်းဖက်ဖက်ဆစ်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့အဖြစ် အင်းစိန်အကျဉ်းထောင် အာဏာပိုင်များက ပုပ်သိုးနေသည့် ကြက်သားနှင့်ပဲဟင်းကို ဖိအားပေးကျွေးခဲ့သဖြင့် ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေ

 

D Day News

ဇူလိုင်လ ၂၇

 

ရန်ကုန်၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင် မင်းအောင် လှိုင် မွေးနေ့အဖြစ် အင်းစိန်ဗဟိုအကျဉ်းထောင်အာဏာပိုင်များက ပုပ်သိုးနေသည့် ကြက်သားနှင့် ပဲဟင်းကို ဖိအားပေးကျွေးခဲ့ရာက ဝမ်းရောဂါ ကူးစက်ပြန့်ပွားနေပြီးလုံလောက်သည့် ဆေးကုသမှု မပေးပဲ သတင်းအမှောင်ချထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

 

ဇူလိုင်လ ၃ ရက်နေ့က ကျရောက်သည့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင် မွေးနေ့အဖြစ် အင်းစိန်ထောင်ပိုင် ဇော်လင်းအောင်နှင့် ထောင်အာဏာပိုင်းများက ကြက်သားနှင့်ပဲ ဟင်းကို ကျွေးမည်ဖြစ်ပြီး အိမ်မှပို့သည့် အစားအသောက်များကို စားသုံးခွင့်မပြုဟု ထောင်တွင်း အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ထောင်တွင်းအမိန့်ထုတ်ပြန်ပြီး အကျဉ်းသူ၊ အကျဉ်းသားများကို ကျွေးခဲ့ရာ စားသောက်ရချိန်၌ စားရသည့် ပဲဟင်းနှင့်ကြက်သားမှာ လက်ဆက်ခြင်းမရှိပဲ သိုးသည့်အနံထွက်နေခဲ့ကြောင်း၊ ထို့ ကြောင့် အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းများကို နိုင်ငံရေးအကျဉ်းသားများမှတင်ပြပြောဆိုခဲ့ သော်လည်း လက်မခံပဲ ထောင်မှကျွေးသည့် အစားအသောက်ကိုသာ စားသောက်ရမည်ဟု တုန့်ပြန် ကာ ဖိအားပေး ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့တွင် အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း မတရားအကျဉ်းချခံထားရသည့်နိုင်ငံရေး အ ကျဉ်းသား/အကျဉ်းသူများအပါအဝင် အခြားအကျဉ်းသား/အကျဉ်းသူများသည် ထောင်မှကျွေးသည့် ပဲဟင်းနှင့်ကြက်သားဟင်းများကို စားသောက်ခဲ့ရကာ ဇူလိုင်လ ၄ ရက်နေ့မှစ၍ အကျဉ်းသား/ အ ကျဉ်းသူ (၁၀၀) ကျော် ဝမ်းပျက် ဝမ်းလျောရောဂါကို ခံစားခဲ့ရကြောင်း သိရသည်။

 

ထိုသို့ ထောင်တွင်း ဝမ်းလျောဝမ်းပျက်ရောဂါ ကူးဆက်မှုများဖြစ်ပေါ်ခဲ့သော်လည်း အကျဉ်းထောင် အာဏာပိုင်များက လုံလောက်သည့် ဆေးဝါးကုသမှု မပေးခဲ့သဖြင့် နေ့စဉ် အကျဉ်းသား ၅ ဦးမှ ၁၀ ဦး အထိ တစ်စ တစကူးစက်လာရာ ဇူလိုင်လ ၂၀ ရက်နေ့အထိ စုစုပေါင်းအကျဉ်းသား ၁၅၀ ဝန်းကျင် ခန့် ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

အကျဉ်းသူ၊ အကျဉ်းသားများ ဝမ်းပျက်၊ ဝမ်းလျောရောဂါဖြစ်ပွားနေသည့် သတင်းကို အင်းစိန်ထောင် အာဏာပိုင်များက ဖုံးထားသည့်အပြင် မိသားစုဝင်များပို့သည့် အစားအသောက်များကြောင့် ဝမ်းပျက် ဝမ်းလျောရောဂါ ဖြစ်ပွားသည်ဟု ပြောဆိုကာ မိသားစုမှ ပေးပို့သည့်ထောင်ဝင်စာများကို ကန့်သတ် ခြင်းများကို ပြုလုပ်လျက်ရှိကြောာင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *