TNLA News

0 0
Read Time:3 Minute, 19 Second

မိုးမိတ်နှင့်ကျောက်မဲတို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လားရှိုးတွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး

 

D Day News

ဇူလိုင်လ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်နှင့် ကျောက်မဲမြို့နယ်တို့ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လာရှိုးမြို့တွင်အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၈ နာရီ ၂၅ မိနစ်အချိန်မှစတင်ပြီး ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ ၊ (၃၂)   ရက်မြောက်နေ့တွင် မိုးမိတ်မြို့နယ်၊ ဒိးပင်ရွာအနီးတဝိုက်၌ စစ်အင်အားဖြည့်တင်းလာသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် – TNLA တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အ လားတူ မိုမိတ်ဗျူဟာကုန်းကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ ဇူလိုင်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်မဲမြို့နယ်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ် တပ်စခန်းဖြစ်သော ခမရ ၅၀၁၊ ခမရ ၅၀၂ တပ်စခန်းတို့ကို တအာင်းတပ်မ တော် TNLA မှ တိုက်ခိုက်ခဲ့ကြောင်း၊ တာဝါတိုင်အနီးတဝိုက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် TNLA တပ်မတော်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်၊ ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်က သဲခေါ်ရွာသို့ ဒရုန်း ၂ စီးဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထား သည်။

 

ဇူလိုင်လ ၂၅ ရက် နေ့က လားရှို့မြို့ ရပ်ကွက် ၇ ၊ ရပ်ကွက် ၁ နှင့် ရပ်ကွက် ၁၂ တို့တွင် အကြမ်းဖက် စစ်ကောင်စီတပ်က ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၃ ဦးပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းနှင့်နေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကာလ(၁)လအတွင်း လားရှိးမြို့တွင် အကြမ်းဖက်စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ် သားများတည်ရှိရာရပ်ကွက်များအတွင်းသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက် ခိုက်မှုကြောင့် အရပ်သား စုစုပေါင်း (၃၈) ဦးသေဆုံးပြီး (၄၈) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ အပြင် နေအိမ်(၉)လုံး ထက်မနည်းပျက်ဆီးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း(၅) ကျောင်း လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *