Thandaung News

0 0
Read Time:3 Minute, 11 Second

တောင်ငူ – လိပ်သိုလမ်းပိုင်းရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၇ ဦးသေဆုံး၊ ခလရ ၆၀၄ တပ်မှ ထွက်ပြေးလာသော စစ်သား ၂ ဦးကို ဝိုင်းဝန်းပိတ်ဆို့မှုဖမ်းဆီးမှု လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၆

 

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ တောင်ငူ -လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းနှင့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၇ ဦးသေဆုံးခဲ့ကြောင်း People Defence Force Thandaung ထံမှ သိရသည်။

 

ဇူလိုင်လ ၁၀ ရက် မွန်းတည့် ၁၂ နာရီ ၂၆ မိနစ်အချိန်တွင် သံတောင်မြို့နယ်၊ တောင်ငူလိပ်သိုလမ်း ပိုင်း ၊ ကျောက်လုံးကြီးစခန်းရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးတပ်သား ၂ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင်လည်း အဆိုပါ ကျောက်လုံးကြီး စခန်းရှိ အကြမ်းဖက်စစ်သားများကို စနိုက်ပါဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေ ဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင် လိပ်သိုမြို့မှ တောင်ငူဘက်သို့ ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောင်ငူ -လိပ်သိုလမ်းပိုင်း တနေရာ အရောက် မိုင်းဆွဲပြီး ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂၂ ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

“စခစစ်ကြောင်းက တောင်ငူအထိ ရောက်သွားပေ့မယ့် တခြားအဖွဲ့တွေနဲ့လည်း ထပ်ပြီး တိုက်ပွဲဖြစ် သေးတယ်၊ သေသွားတဲ့ အလောင်းတွေကိုတော့ နောက်က နောက်ကပါလာတဲ့ စခကားနဲ့တင်သွား ပါတယ်။ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကိုတော့ မင်းတို့ကို ဘာမှမလုပ်ဘူး၊ ငါတို့နဲ့ပူးပေါင်းပါ၊ လုံခြုံ တဲ့နေရာကို ပို့ပေးမယ်ဆိုပြီး စည်းရုံးဖမ်းဆီးခဲ့တာပါ။” ဟု People Defence Force Thandaung တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

သံတောင်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၀၄ တပ်မှ စစ်သား ၂ ဦး လက်နက်ဖြင့် ထွက် ပြေးသွားလာသဖြင့် ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ MA1 သေနတ် ၁ လက်၊ MA ကျည် ၆၀၀ တောင့် ၊ MA ကျည်‌ ဘောက် ၆ ခု၊ MA5 သေနတ် ၁ လက်၊ 9mm ကျည် ၁၀‌‌ တောင့်နှင့် MA5 magazine နှစ်ခုနှင့် လက် ပစ်ဗုံး ၂ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုများကို People Defence Force Thandaung -တောင်ငူခရိုင်၊ တပ်မဟာ – ၂ ၊ တပ်ရင်း ၅ လက်အောက်ခံ ၏ MLB စစ်ကြောင်း မှ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *