Singu News

0 0
Read Time:2 Minute, 5 Second

စဉ့်ကူးမြို့နယ် ၊ ရွာသာယာပျူစခန်းနှင့် သပိတ်ကျင်း တွင်းငယ်ရဲစခန်းတို့ကို သိမ်းပိုက်ရရှိ စစ်သား၊ ပျူ ၇၀ နီးပါးသေဆုံး

 

D Day News

ဇူလိုင်လ ၂၆

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာပျူစခန်းနှင့် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းတို့ကို သိမ်းပိုက်ရရှိထားပြီး စစ်သား၊ ပျူ ၇၀ ခန့်သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရ သည်။

 

ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား ၊ ပျူ ၇၀ ခန့်သေဆုံးပြီး စစ်ဗိုလ် ထက်လွင်အောင် ၊ ပျူ ခေါင်းဆောင် အောင်မင်း၊ ဘဲမှော်၊ ကျော်မင်း သူ(ထုံး ကြီး) တို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

“စစ်ခွေးတွေ သေဆုံးမှုများတယ်။ ၇၀ လောက်ရှိတယ်။ ပစ္စည်းတွေလည်း သိမ်းနေတယ်။ ဖမ်းဆီး ရမိတဲ့ ပျူ ၁ ဦးမှမရှိဘူး၊ ခုခံ ပစ်ခတ်လို့ အကုန်လုံး ပစ်ခတ်ရှင်းလင်းလိုက်ရတာ သေကုန်တယ်၊ စစ်ဗိုလ်တွေနဲ့ ပျူခေါင်းဆောင်တွေပဲ ထွက်ပြေးလို့ လွတ်သွားတာ၊ အောက်ခြေလူတွေတော့ အကုန် သေတာ” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

 

အလားတူ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာ စစ်ကောင်စီရဲစခန်းကို တိုက်ခိုက်ခဲ့သိမ်း ပိုက်ရရှိခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက် နံနက် ၁၁ နာရီအချိန်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာရှိ အကြမ်း ဖက် စစ်ကောင်စီရဲကင်းစခန်းကို KIA၊ KPDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *