North Shan News

0 0
Read Time:3 Minute, 44 Second

ရှမ်းမြောက်တိုက်ပွဲများ ရပ်တန့်ရေး တရုတ်နိုင်ငံက ဖိအားပေးနေ

 

D Day News

ဇူလိုင်လ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ရပ်တန့်ရေး တရုတ်နိုင်ငံက ဖိအားပေး နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs . Mao Ning က တရားဝင် ထုတ် ဖော်ပြောကြားသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲ၌

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေကို အလွန်ဂရုပြုလျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက တွေ့ဆုံဆွေးနွေးမှုကိုကိုင်စွဲ၍ အမြန်ဆုံးအပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲပြားမှုများကိုဖြေရှင်းပြီး အခြေအနေပိုမိုအရှိန်မြင့် လာမှု ကို ရှောင်ရှားရန် မိမိတို့က အမြဲတိုက်တွန်းလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် ရပုဂ္ဂိုလ် Mrs. Mao Ning ကပြောကြားခဲ့ကြောင်း သိရသည်။

 

အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဒေသ၊ နယ်စပ်ဒေသနေ ပြည်သူများနှင့် မြန်မာနိုင်ငံရှိ တရုတ် စီမံ ကိန်း များ၊ ကုမ္ပဏီများ၊ ဝန်ထမ်းများ၏ လုံခြုံရေးကို မထိခိုက်စေရန် တိုက်တွန်းလျက်ရှိကြောင်း၊ ၎င်းက ဆက်လက်ပြောကြားသည်။

 

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းစွာဆွေးနွေးရေးအရှိန်အဟုန်ကို ထိန်းသိမ်း ထားရန် တွန်းအားပေးသွားမည်ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mrs. Mao Ning ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံအနေဖြင့် ရှမ်းမြောက်ရှိတိုက်ပွဲများ ရပ်တန့်နိုင်ငံဖိအားပေးသည့် TNLA ၊ MNDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားကြောင်း၊ ၁၀၂၇ ပထမလှိုင်းအချိန်ကလည်း တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ရပ်နားခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီ၏ ဟိုင်ဂင်သဘောတူညီ ချက်အကြိမ်ကြိမ်ချိုးဖောက်ကာ လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ၁၀၂၇ ဒုတိယလှိုင်း ဆက်လက်ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ တရုတ်နိုင်ငံ၏ဖိအားနေမှုအပေါ် TNLA မှ ဗိုလ်ချုပ်တားဘုန်းကျော်က “ဘရိတ်ခဏ ယူရ အောင် ဘောလုံးကန်နေတာလည်း မဟုတ်၊ ခဏခဏ ရပ်ရအောင်လည်း လက်ဝှေ့ထိုးတာ မဟုတ်၊ လင်းလင်း သီချင်းကို ဆက်ဆိုကြရအောင်ပါ ၊ ရှေ့သို့ ရှေ့သို့ ချီတက်ကြကြစို့” ဟု တိုက်တွန်း ပြော ဆိုထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *