MNDAA News

0 0
Read Time:6 Minute, 19 Second

လားရှိုးမြို့အုပ်ချုပ်ရေးကို MNDAA က ထူထောင်လိုက်ပြီး ကျောင်းဆရာ၊ ဆရာမ၊ သူနာပြုဝန်ထမ်း များအပါအဝင် အရပ်ဖက်ဝန်ထမ်းများအနေဖြင့် ပြန်လည်လာရောက်ထမ်းဆောင်ကြရန် ဖိတ်ခေါ်

 

  • တိုက်ပွဲကြောင့်ပျက်စီးသွားသော်နေအိမ်များပြန်လည်တည်ဆောက်ရေးကို ကူညီပံ့ပိုးမည်

 

 

D Day News

ဇူလိုင်လ ၂၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အုပ်ချုပ်ရေးကို MNDAA ထူထောင်လိုက်ပြီး ကျောင်းဆရာ၊ ဆရာမ၊ သူနာပြုဝန်ထမ်းများအပါအဝင် အရပ်ဖက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ပြန်လည်လာ ရောက်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားသည်။

 

MNDAA အနေဖြေင့် “လားရှိုးမြို့လွတ်မြောက်ရေး”တိုက်ပွဲကို ၂၃ ရက်တိုင်တိုင် ခဲခဲရင်းရင်း ဆင်နွှဲပြီး နောက် အာဏာသိမ်း မင်းအောင်လှိုင်၏ အဓိက လက်နက်ကိုင်အင်အားများကို မြို့တွင်းမှမြို့ပြင်သို့

 

မောင်းထုတ်နိုင်ခဲ့ပြီး လွတ်မြောက်ရေးအောင်ပွဲကို ရရှိခဲ့ပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြို့တွင်း၌ ခိုအောင်းနေသော အကြမ်းဖက်စစ်သားများကို လိုက်လံချေမှုန်းလျက်ရှိရာ ယခုလားရှိုးမြို့သည် လုံးဝ လွတ်မြောက်ပြီဖြစ်သဖြင့် လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားကို ပြည်ထောင်စုမြန်မာနိုင်ငံ အထူး ဒေသ ၁ အုပ်ချုပ် ရေးကော်မတီမှ လည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ ၁ ရဲတပ်ဖွဲ့ မှ လည်း ကောင်း၊ မြို့နယ်ကာကွယ်ရေးကို MNDAA မှ လည်းကောင်း ဆက်ခံလိုက်ကြောင်း ကြေညာ ထားသည်။

 

လားရှိုးမြို့၏တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးနှင့်ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာ တွင် ဒေသခံအရပ်သားပြည်သူလူထုများအား ဝန်ထုပ်ဝန်ပိုး နှင့် နေထိုင်ရေးအနှောက်အယှက်များ မဖြစ် စေရန်အထူးအလေးထားဆောင်ရွက်ရပါမည်။ ထို့အတူ ဒေသခံအရပ်သားများအနေဖြင့် ဝါဒ မှိုင်းတိုက်ခြင်းများနှင့် သတင်းအချက်အလက်အတုများကြောင့် စိုးရိမ်ထိတ်လန့်မှုများမဖြစ်စေရန် ဆက်လက် ထုတ်ပြန်ထားသည်။

“လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ”ကိုတည်ထောင်လိုက်ပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို တာဝန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မူလက လားရှိုး မြို့ ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ/ဆရာမများ၊ ဆရာဝန်များ နှင့် သူနာပြုများအနေဖြင့် မိမိ၏ လုပ်ငန်းတာဝန်များကို ပြန်လည်လာရောက်ထမ်းဆောင်ကြပါရန်၊ တရုတ်အမျိုးသားလူမှုရေး အဖွဲ့ အစည်းများအနေဖြင့် လားရှိုးဧရိယာစစ်ရေးအုပ်ချုပ်မှုကော်မတီ၏ လုပ်ငန်းများကို ကူညီပံ့ပိုးကြပါ ရန် တိုက်တွန်းထားသည်။

 

MNDAA တပ်ဖွဲ့ဝင်များ၏ လားရှိုးမြို့စစ်ဆင်ရေးအမိန့် ကိုတင်းကြပ်စွာလိုက်နာရမည်ဖြစ်ပြီး မိမိ၏ ရာထူးကို အလွဲသုံးစားလုပ်ကာ အရပ်သားများ၏ အကျိုးအမြတ်ကိုလုယူခြင်း၊ အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများကျူးလွန်ပါက ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေး ထားသည်။

 

အရပ်သားများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များဝင်ရောက်နေရာချခြင်းကို စိုးရိမ်ထိတ်လန့် စရာမလို ကြောင်း၊ ဆိုင်ခန်းများအနေဖြင့် ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်ဈေးနှုန်းမြင့်တင်ခြင်းကို ကန့် ကွက်ကြောင်း နှင့် မူလနေထိုင်ရေးစနစ်ကို အမြန်ဆုံးပြန်လည်တည်ဆောက်ကြပါကြောင်း အထူး တိုက်တွန်းထားသည်။

 

MNDAA တပ်ဖွဲ့ဝင်များမှ စည်းမျဉ်းစည်းကမ်းများချိုးဖောက်ပါက အချိန်မရွေးလာရောက် တိုင်ကြား နိုင်ပြီး ပြည်သူ့ရေးရာစည်းမျဉ်းစည်းကမ်းသည် MNDAA ၏ အဓိကစည်းကမ်းရပ်ကြီးတစ်ရပ် ဖြစ် ကြောင်း၊ ပြည်သူလူထုအားဖိနှိပ်ခြင်းကိုလုံးဝ ကန့်ကွက်ပြီး စည်းကမ်းချိုးဖောက်သူများကို ပြင်းထန် စွာအရေးယူဖြစ်ကြောင်း အသိပေးထားသည်။

 

အထူးဒေသ ၁ ရဲတပ်ဖွဲ့မှ လာရှိုးမြို့အတွင်းရှိ အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများ ကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နှိမ်နင်းသွားမည့်အပြင် ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအတုထုတ်လွင့် ခြင်း တို့ ကြောင့် ပြည်သူလူထုများအား စိုးရိမ်ထိတ်လန့်မှု များဖြစ်ပေါ်စေပါက အခြေအနေအပေါ် မူတည်ရ အရေးယူမည်ဟု ဆိုသည်။

 

တိုက်ပွဲကြောင့် ပျက်စီးသွားသော အရပ်သားနေအိမ်များ၏ပြုပြင်ရေးနှင့် ပြန်လည်ဆောက်လုပ် ရေး လုပ်ငန်းကို အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီမှ အခြေအနေအပေါ်မူတည်ပြီး ကူညီပံ့ပိုးပေး ပါမည်ဖြစ်ကြောင်း၊ ဒေသနေတိုင်းရင်းသားများအနေဖြင့် မိမိသဘောဆန္ဒဖြင့် လူစုစည်းပြီး အထူး ဒေသ ၁ အုပ်ချုပ်ရေးကောင်မတီ၏ လားရှိုးမြို့အုပ်ချုပ်ရေးယန္တရားဆက်ခံခြင်းကို လာရောက်ကြိုဆို နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး အကြောင်းကြားရန် သို့မဟုတ် အကူအညီတောင်းရန် လိုအပ်ပါက ဒေသအလိုက်ဖွဲ့စည်းထားသောအုပ်ချုပ်ရေးယူနစ်ထံသို့လာရောက်စုံစမ်းနိုင်သည့်အပြင် ရဲစခန်းသို့ တိုင်ကြားရန် နှင့် အကူအညီတောင်းရန်ဖုန်းနံပါတ်-

 

၁။ အကူအညီတောင်းရန်ဖုန်း – ၀၉၈၈၂၉၅၄၅၆၅ ( အဖွဲ့ဝင် ဟော် )

 

၀၉၄၀၆၆၉၈၉၇၉ ( ချီကွမ်းရွှင် ဒု-ညွှန်ကြားရေးမှူး)

 

၂။ ရဲစခန်းသို့တိုင်ကြားရန်ဖုန်း – ၀၉၄၄၁၈၄၆၃၂၇ ၊ ၀၉၆၈၀၃၉၇၁၂၉ (ရဲဘော် ဆန်း)

 

၀၉၆၉၅၁၁၀၁၁ဝ (ရဲဘော် ရန်)

 

ဆက်သွယ်နိုင်ကြောင်းအသိပေးထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *