Shan State News

0 0
Read Time:4 Minute, 10 Second

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲ ကာလ ၁ လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပြည်သူများကို ဦးတည်တိုက်ခိုက်မှုကြောင့် ၁၂၅ ဦးသေဆုံးပြီး ပြည်သူ ၃ သောင်း ကျော်ဘေးလွတ်ရာထွက်ပြေးနေရ

 

D Day News

ဇူလိုင်လ ၂၅

 

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ၁ လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ပြည်သူများကို ဦးတည်တိုက်ခိုက်မှုကြောင့် ၁၂၅ ဦးသေဆုံးပြီး ပြည်သူ ၃ သောင်း ကျော်ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန ထုတ်ပြန်ချက် အရ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင်တွင် PSLF/TNLA နှင့် မဟာမိတ်တပ်များက ဆင်နွှဲလျက်ရှိသော ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ သည် ၁ လပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် (၁)လ အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁၂၅) ဦးသေဆုံးပြီး (၁၆၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် (၉၃) အိမ်၊ ဘုန်းကြီးကျောင်း (၈) ကျောင်း နှင့် စာသင်ကျောင်း (၇) ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ကျောက်မဲမြို့နယ်တွင် တိုက်ပွဲ (၁)လအတွင်းတွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ် ခတ်တိုက်ခိုက်မှုကြောင့်  အမျိုးသမီး (၁၄) ဦး၊ အမျိုးသား (၂၄)ဦးသေဆုံးပြီး အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၂၁) ဦး၊ ကလေး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၃၇) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း(၂)ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ်တွင် အရပ်သား အမျိုးသား (၁၀)ဦး၊ အမျိုးသမီး(၈)ဦးသေဆုံးပြီး အမျိုး သမီး (၃)ဦးနှင့် အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာရရှိကာ အရပ်သားနေအိမ် (၁၃) အိမ်၊ ဘုန်းကြီး ကျောင်း (၁)ကျောင်းနှင့် စာသင်ကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် မိုးကုတ်မြို့နယ်တွင်လည်း အမျိုးသမီး (၈) ဦး၊ ကလေး (၉) ဦး၊ အမျိုးသား (၁၁) ဦး သေ ဆုံးပြီး အမျိုးသား (၂၆) ဦး၊ အမျိုးသမီး (၂၂) ဦးနှင့် ကလေး (၁၀) ဦးထိခိုက်ဒဏ်ရာရကာ လူနေအိမ် (၂၉) အိမ် ဘုန်းကြီးကျောင်း (၂) ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

မိုးမိတ်မြို့နယ်တွင်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ် သား အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးသေဆုံးပြီး အမျိုးသား (၈)ဦး၊ အမျိုးသမီး(၄)ဦး ဒဏ်ရာ ရရှိကာ နေအိမ် (၅) အိမ် စာသင်ကျောင်း (၂) ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

လားရှိးမြို့တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား (၂၁) ဦး၊ အမျိုးသမီး(၁၂)ဦး ကလေး (၅)ဦးသေဆုံးပြီး အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၂၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အရပ်သားနေအိမ် (၉) အိမ်၊ ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့် စာ သင်ကျောင်း (၂) ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

သီပေါမြို့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည် သူ  (၅) ဦး လက်နက်ကြီးစထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရှုံး၍ အရပ်သားများရှိရာသို့ ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်လာခဲ့မှုကြောင့် ဒေသနေ ပြည်သူ သုံးသောင်း (၃၀၀၀၀) ကျော် ဘေးလွတ်ရာ တိမ်း ရှောင်နေကြရကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *