Moegoke News

0 0
Read Time:4 Minute, 9 Second

မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ကျော်နှင့် အတွဲလိုက်ပစ်ဒုံး အပါအဝင်လက်နက်မျိုးစုံ ၂၀၀ ကျော်သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၅

 

မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၃၀ ကျော်နှင့်အတွဲလိုက်ပစ်ဒုံးအပါအဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်နှင့်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီအချိန်တွင် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီ လပခ၊ ခလရ (၇၈၊ ၈၈၊ ၁၄၈) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို တအာင်းတပ်မ တော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီး မိုးကုတ်မြို့ နယ် တစ်ခု လုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့ကစတင်ပြီး မိုးကုတ်မြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/ TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် ရွှေမျက်၀န်း၊ အေးစေတီးကုန်း၊ အာကာမိုး၊ ဒေါ်နန်းကြည် တောင်၊ ဗျူဟာကုန်း၊ ရွှေသာယာ၊ ပန်းသပြေ၊ ဖြူရောင်ကုန်း တပ်စခန်းများကို ဇွန်လ ၃၀ ရက်နေ့ တွင် ရှင်းလင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုနောက် မိုးကုတ်အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင်  မန်တိုင်(၅)တပ်၊ ငရမ်း အင် စခန်း၊ ရေကန်တောင်စခန်း၊ တာ၀ါတိုင်စခန်း၊ ပတ္တမြားစေတီစခန်း၊ ပန်းမထိပ်ရွာ၊ အကျဉ်း ထောင်နှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ မိုးကုတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၁)ကြိမ်၊ Y12 လေယာဥ် (၉)ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈) ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအ ဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိင်းဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်း မျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ မိုးကုတ်မြို့ နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံးပန့် (၃၀)ကျော်နှင့် လက် နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ မိုးကုတ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက် ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးကုတ်ဒေသခံ ကျား (၁၄) ဦး၊ မ (၈) ဦး၊ ကလေး (၉) ဦး သေဆုံးခဲ့ပြီး (၅၉) ဦီး ဒဏ်ရာရခဲ့ကြောင်း၊ ထို့အပြင် ဘုန်းကြီး ကျောင်း (၄)ကျောင်း လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၂၉) လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရသည်။

 

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှစ၍ တအာင်းတပ်မတော် PSLF/TNLA မှ မိုးကုတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဒုတိယ သိမ်းပိုက်ရရှိ သည့်မြို့ဖြစ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *