Kantbalu News

0 0
Read Time:1 Minute, 54 Second

ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတား၌ ယာယီတပ်စွဲထားသော စစ်သား၊ ပျူများကို ဖော ကားဖြင့် လှည်ပတ် ပစ်ခတ် တိုက်ခိုက် မှု ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁၆ လက် သိမ်း ဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၅

 

စစ်ကိုင်းတိုးင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတား၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၁၆ ဦးထက်မနည်းသေဆုံးပြီး လက်နက် ၁၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ အချိန်တွင် ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတား၌ ယာယီတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှ ဖောကားဖြင့် လှည့်ပတ်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင်းအကြမ်းဖက်စစ်သားများ အသုံးပြုသော MA1 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုး အစား သေနတ် ၃ လက်၊‌ ပြောင်းချော သေနတ် ၁ လက်၊ ကာဘိုင် အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပြီး ကင်းတဲစခန်းများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ပိုင်ချဲ(ကန့်ဘလူခရိုင်အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) ပူးပေါင်း အဖွဲ့ မှတို့မှ တိုက်ခိုက်ချေမူန်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *