CDM News

0 0
Read Time:2 Minute, 7 Second

ထန်တလန်မြို့ပေါ်မှ စစ်သားတစ်ဦးနှင့် ရဲတစ်ဦးတို့ လက်နက်ခဲယမ်းများယူ ဆောင်ပြီး ချင်းပြည် နယ်အစိုးရအဖွဲ့ထံ အလင်းဝင်၊ တစ်ဦး လျှင်ငွေကျပ် သိန်း ၅၀ စီချီးမြှင့်

 

D Day News

ဇူလိုင်လ ၂၅

 

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးနှင့် ရဲတစ်ဦးတို့ သည် လက်နက်ခဲယမ်းများယူဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း Chinland Defense Force – Thantlang ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် ထန်တလန်မြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦးနှင့် လက်အောက်ခံ ရဲတစ်ဦးတို့သည် အကြမ်းဖက်စစ်ကောင်စီထံ၌ ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်ပါမည်ဟု ဝန်ခံကတိပြု ကာ ၎င်းတို့ ကိုင်ဆောင်အသုံးပြုသောလက်နက်ခဲယမ်းများကို ယူဆောင်ကာ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ MA 2 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၈ ခု၊ ကျည်ဆံ ၁၈၅ တောင့်၊ Grenade ၁ ခု၊ ၄၀ မမ နှစ်ခု နှင့် ကျည်ကာ တစ်ခု တို့ယူ ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့သို့ လက်နက်ခဲယမ်းများနှင့် အတူအလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သား ၂ ဦးကို ချင်း ပြည်အစိုးရတပ်ဖွဲ့က တစ်ဦးလျှင် ချီးမြှင့်ငွေ သိန်း ၅၀ စီ ပေးအပ်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင် ပေးထားကြောင်း Chinland Defense Force – Thantlang က ထုတ်ပြန်ထားသည်။

 

ချင်းပြည်အစိုးရတပ်ဖွဲ့အနေဖြင့် Tilim Operation ၄ ကို ဖော်ဆောင်တိုက်ပွဲဝင်လျက်ရှိပြီး ပြည်သူ့ တော်လှန်ရေးအတွင်း ပါဝင်ရန်ဆန္ဒရှိပါက အမြဲတခါးဖွင့် ကြိုဆိုလျက်ရှိကြောင်း အသိပေးထား သည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *