Pakokku News

0 0
Read Time:2 Minute, 5 Second

ပခုက္ကူမြို့ စက်မှုဇုန်ရှိ KTV မှ ပြန်လာသော အကြမ်းဖက်စစ်တပ်မှ ဗကဝင်းဇော်ကို ဖမ်းဆီးရရှိ

 

D Day News

ဇူလိုင်လ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန်ရှိ KTV မှ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ဝင်းဇော်ကို ဖမ်းဆီးရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီအချိန်တွင် ပခုက္ကူမြို့၊ စက်မှုဇုံ ဧရိယာရှိ ကာရာအိုကေဆိုင်မှ ဆိုင်ကယ်ဖြင့် ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ၃ ပွင့်ဗိုလ်ကြီးဝင်းဇော်ကို သေနတ် အ တိုပါ သည်ဟု သတင်းအရ စောင့် ဆိုင်းဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး နိုင်ငံသား မှတ်ပုံတင် တစ်ခု၊ လစာ ထုတ် ရာ တွင် အသုံးပြုသည့် အင်းဝ ဘဏ် ATM ကဒ်တစ်ခု ၊ Shayang 125 ဆိုင်ကယ် တစ်စီး၊ ငွေ ကျပ် ၆၁၈,၀၀၀ ကျပ် ၊ ပိုက်ဆံအိတ် ၁ လုံး ၊ ဘေးလွယ်အိတ် ၁ လုံး ၊ ဦးထုပ်တစ်လုံး နှင့် ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

ဖမ်းဆီးရရှိသူ ဗိုလ်ကြီး ဝင်းဇော်သည် လက်ရှိတွင် နေပြည်တော် အမှတ် ၂၃ ကုတင် ၂၅ ဆေးရုံ၌ တပ်ရေး/တပ်ထောက် အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ပခုက္ကူမြို့သို့ ခွင့်ရက်ဖြင့် ပြန်လာသူ ဖြစ်ကြောင်း သိရသည်။

 

ဗိုလ်ကြီးဝင်းဇော်သည် ဗိုလ်သင်တန်းကျောင်း (ဗသက) -ဗထူးမြို့ အမှတ်စဉ် ၁၁၂ တွင် သင်တန်း ဆင်းပြီး လုပ်သက် (၂၄) နှစ်ရှိသူဖြစ်ကာ မိခင်တပ်ရင်းမှာ  ကလော ခလရ ၇ ဖြစ်ကြောင်း သိရ သည်။

 

ဖမ်းဆီးရရှိသူ ဗိုလ်ကြီးဝင်းဇော်ကို စစ်သုံပန်းဥပဒေအတိုင်း ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးဆောင်ရွတ်နေဆဲဖြစ်ကြောင်း Southern YSO PDF တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *