Monywa News

0 0
Read Time:1 Minute, 58 Second

မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီးတွင် မိုင်းပွိုင့်ပေါ်သို့ ကင်းပုန်းလာဝပ်သည့် စစ်သား ၂ ဦးကို မိုင်းဆွဲ တိုက်ခိုက်မှု ၂ ဦးစလုံးသေဆုံး

 

D Day News

ဇူလိုင်လ ၂၄

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာတိုးဂိတ်အနီး၌ အသင့်ထောင်ထားပေါ် မိုင်းပွိုင့်ပေါ်သို့ ကင်းပုန်းလာ ဝပ်သည့် စစ်သား ၂ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးလေပေါ်မြောက်တက်ပြုတ်ကျ ကာ သေဆုံးသွားကြောင်း People’s Defence Force -South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြပုလဲဆီဆိုင်ဂိတ်မှ ထွက်လာပြီး မုံရွေးတိုးဂိတ်အနီးတွင် ညအိပ်တပ်စွဲထားသော အကြမ်းဖက်စစ်သားများ အနက် စစ်သား ၂ ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသင့်ပြင်ထားသော မိုင်းပွိုင့်ပေါ်သို့ ကင်းပုန်းလာဝပ်စဉ် ပဒေသာ မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးစလုံးပေါ်မြောက်တက်ပြုတ်ကျကာ သေဆုံး သွားကြောင်း သိရသည်။

“မိုင်းပွိုင့်ပေါ်ရောက်တဲ့အချိန် ဖောက်ခွဲလိုက်တာ နှစ်ဦးလုံးလေပေါ်မြောက်တက်ပြုတ်ကျပြီး သေ သွားတယ်၊ အလောင်းတွေကို တိုးဂိတ်ဝန်ထမ်းအိမ်ယာထဲ သယ်သွားတယ်လို့သိရတယ်၊ ကျန်တာ တော့ မသိရဘူး။ အလောင်းဖျောက်ပစ်လိုက်တာထင်တယ်” ဟု People’s Defence Force -South Monywa မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Daung Karyan က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း -People’s Defence Force -South Monywa ၊Youth Vigor Revolution Force နှင့် Black Hunter People’s Task Force တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *