Chaung U News

0 0
Read Time:4 Minute, 0 Second

ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပျူစောထီး ၃ ဦးထက်နည်း သေဆုံး၊ စစ်တပ်က တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ရွှေလှေကျေးရွာကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ် မှုကြောင့် နေအိမ် ၄ လုံးခန့်မီးလောင်ပျက်စီးပြီး ပြည်သူတစ်ဦး ဒဏ်ရာရ

 

D Day News

ဇူလိုင်လ ၂၄

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Chaung U People Defense Force – CHU PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက် ၉ နာရီ ၄၇ မိနစ်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူရွာအနီးရှိ နေရာ ယူထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေစိုးမိုးရေး မိုင်းထောင်ရန် သွားရောက် စဉ် အကြမ်းဖက်စစ်သား၊ ပျူစောထီးများနေထိုင်ရာ ကင်းပုန်းစခန်းအနီးသို့ ရောက်ရှိသွားပြီး အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်နည်းသေဆုံးပြီး ၈ ဦး ခန့်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကံကြီးကုန်း ပျူရွာနဲ့ တစ်မိုင်ကျော်လောက်အကွာမှာ ကျနော်တို့ CHU PDF တပ်ခွဲ ၄ ရဲ့ တပ်စိပ် စခန်း ခွဲတစ်ခုရှိတယ်၊ အဲဒီစခန်းခွဲကနေပြီးတော့ နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် ရှေ့ကို မိုင်းတိုး ကာ ရင်းနဲ့ သူတို့ရဲ့အထိုင် ကာကင်းနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ မျက်မြင်ကတော့ ၃ သေတာပေါ့၊ ၈ ယောက် ကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်၊ အဲဒီ ၈ ယောက်လုံးလည်းသေနိုင်ချေရှိတယ်။ သေမသေတော့ တိတိကျကျပြောမရဘူး။ ပြောလို့ရတာကတော့ ၃ ယောက်က မျက်မြင်ပဲ။ ထိတွေ့ တိုက်ပွဲကတော့ ၅ မိနစ်လောက်ပဲကြာတယ်၊ ရဲဘော်တွေလည်း ကာပစ်နဲ့ ဆုတ်လာခဲ့ရ တဲ့အနေ အထားပေါ့” ဟု Chaung U People Defense Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ချောင်းဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့၊ CHU PDF တပ်ခွဲ ၄ ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် မွန်းတည့် ၁၂ နာရီ ၂၈ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မုံရွာ နမခမှ တက်လာသော Mi 35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် တိုက်ပွဲနှင့်သက်ဆိုင် ခြင်း မရှိသည့် ရွှေလှေကျေး ရွာကို ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာနေအိမ် ၄ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း လက်မောင်းကျည်ထိမှန် မစိုး ရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲက ၉ နာရီ ၄၇ မိနစ်လောက်မှဖြစ်တာ၊ ရဟတ်ယာဉ်က ၁၂ နာရီ ၂၈ မိနစ်လောက်မှာလာပစ် တာ။ တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်တာမဟုတ်ဘူး။ ကံကြီးကုန်းပျူရွာရဲ့တောင်ဘက်က ရွှေလှေဆိုတဲ့ ရွာကို ပစ်တာ။ နေအိမ်က သုံးလေးလုံးလောက်မီးလောင်ပျက်စီးတာရှိတယ်၊ ရဟတ်ယာဉ်မှာပါတဲ့ ရော့ကတ်နဲ့ပစ်တာ။ ပြည်သူတစ်ယောက်လက်မောင်းထိတယ်။ ၁၅ မိနစ်လှည့်ပတ်ပျံဝဲပြီးပစ်သွား တာ” ဟု Chaung U People Defense Force – CHU PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *