TNLA News

0 0
Read Time:3 Minute, 20 Second

ကျောက်မဲမြို့နယ် တိုက်ပွဲတွင် အလောင်း ၅၄ လောင်း၊ မိုးကုတ်မြို့တိုက်ပွဲတွင် အကြမ်းဖက် စစ်သား အလောင်း ၁၆ လောင်းတို့နှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 

D Day News

ဇူလိုင်လ ၂၃

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်သား အလောင်း ၅၄ လောင်း ၊ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ တိုက်ပွဲများတွင် အကြမ်းဖက်စစ်သား အလောင်း ၁၆ လောင်း တို့နှင့်အတူ စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများ အမြောက် အများ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ ရာအကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၅၄ လောင်း၊ စစ်သုံးပန်း ၃၀ ဦးနှင့် လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တအာင်းတပ်မတော် TNLA ၊ PDF(ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲနှင့် စစ်ကောင်စီ တပ်မ ၁၁ လက် အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ရှိသည့် နမ့်ဆီလင်းဘုန်းကြီး ကျောင်း၊ အေးရှားဝေါတိုးဂိတ်အား တိုက်ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏လက်နက် MA1 ၂၆ လက်၊ MA3 ၁၆ လက်၊ MA4 ၄ လက်၊ MA11 ၁၂ လက်၊ MA2 ၁၀ လက် ငကျည်းမီး ၁ လက်၊ 45MM ၂ လက် 120MM ၁ လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း ၈၀ ကျော် သိမ်းဆည်းရရှိခဲ့ပြီး စစ်သား အလောင်းများနှင့် စစ်သုံ့ပန်းများကိုပါ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ တပ်မဟာ ၂ နယ်မြေ မိုးကုတ်မြို့နယ်ရှိ ရတနာကြေးမုံကျောင်းနှင့် ကုလားကျောင်းတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်အား တအာင်းတပ်မတော် TNLA ၊ PDF(ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ထိုအပြင် မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းတွင်လည်း တအာင်းတပ်မတော် TNLA နှင့် PDF (မိုးကုတ် ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၇၁/ ၈၈) တို့ကြား ယနေ့ ဇူလိုင်လ ၂၃ ရက် နေ့လည် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် တိုက် ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန် မိုးကုတ်မြို့ ချမ်းသာကြီးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးစစ် ကောင်စီတပ်ထံမှ သေနတ် ၁ လက်၊ စစ်သုံပန်း ၁၉ ဦး ဖမ်းဆီးရရှိခဲ့ကြေင်း၊ အလားတူ မစိုးရိမ် ကျောင်းတိုက်တွင်လည်း စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး သေနတ် ၁၆ လက်၊ RPG ၁ လက်၊ ၆၀ မမ ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *