MNDAA News

0 0
Read Time:3 Minute, 36 Second

မင်းအောင်လှိုင်၏ လက်အောက်ခံ တပ်မမှ ဒုဗိုလ်မှူးကြီးတစ်ဦးက ဗိုလ်မှူး ၂ ဦး ဗီုလ်ကြီး ၅ ဦး အပါအဝင် စုစုပေါင်း ၃၁၇ ဦးကို ခေါ်ယူအလင်းဝင်ခဲ့ကာ မင်းအောင်လှိုင်တပ်ကို တိုက်ထုတ်လို ကြောင်း ထုတ်ဖော်ပြောဆို

 

D Day News

ဇူလိုင်လ ၂၃

 

မင်းအောင်လှိုင်၏ လက်အောက်ခံ တပ်မမှ ဒုဗိုလ်မှူးကြီးတစ်ဦးက ဗိုလ်မှူး ၂ ဦး ဗီုလ်ကြီး ၅ ဦး အပါအဝင် စုစုပေါင်း ၃၁၇ ဦးကို ခေါ်ယူအလင်းဝင်ခဲ့ပြီး မင်းအောင်လှိုင်တပ်ကို တိုက်ထုတ်လို ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း MNDAA က တရားဝင်သတင်းထုတ်ပြန်သည်။

 

ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီခန့် လားရှိုးမြို့အနီးတဝိုက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ် တပ်မ မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားစုစုပေါင်း ၃၁၇ ဦးကို ခေါ်ဆောင်ကာ MNDAA တပ်သို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ပြီး မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုသည်ကို ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်ခဲ့သူများကို မဟာမိတ်တပ်များ၏ နိုင်ငံရေးဌာန ရှေ့တန်းလုပ်ငန်းအဖွဲ့က လက်ခံတွေ့ဆုံခဲ့ပြီး စစ်သုံ့ပန်းများနှင့် ဆန္ဒအလျောက် လက်နက်ချအလင်းဝင်လာသူများကို ဦးစား ပေး ဆက်ဆံခြင်းအတွက် MNDAA တပ်ဖွဲ့၏ ဆုလာဘ်မူဝါဒကို အကောင်အထည်ဖော်ခဲ့ကြောင်း၊ အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများကို MNDAA တပ်ဖွဲ့ နိုင်ငံရေးဌာန/ စည်းရုံရေး ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး Mr.Qi Guangshun က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

 

လက်ထောက်ညွှန်ကြားရေးမှူး Mr.Qi Guangshun က ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံချက်ပေးထားသည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့အပြင် ၎င်းတို့သည် လက်နက်ချသူ များအား တရားမျှတရေးပါတီနှင့် မဟာမိတ်တပ်များ၏ နိုင်ငံရေး သဘောထားများနှင့် နိုင်ငံရေး ရပ်တည်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြကာ စစ်သုံ့ပန်းများအတွက် ဦးစားပေး ဆက်ဆံမှု နှင့် ဆုကြေးမူဝါဒများကို အသေးစိတ် ပြောပြရှင်းလင်းခဲ့ကြောင်း သိရသည်။

 

MNDAAတပ်ဖွဲ့၏ မူဝါဒအရ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ MNDAAတပ်ဖွဲ့ သည် လက်နက်ချသော ဝန်ထမ်းများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှုပေးခဲ့ကြောင်း သိရသည်။

 

ထို့အပြင် တပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်သူတို့ကို လက်ခံချိန်ခါ၌ MNDAA တပ်ဖွဲ့ ရှေ့တန်း လုပ်ငန်းအဖွဲ့နှင့် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များက နယ်မြေခံ စစ်ကျောင်းတစ်ကျောင်းတွင် အာဏာ သိမ်းတပ်၏ လက်နက်တိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *